မန်ချက်စတာယူနိုင်တက်ကို ချစ်တဲ့ ပရိသတ်တွေအဖို့တော့ သတင်းကောင်းတစ်ခုပါ။ ကမ္ဘာ့အမြဲဆုံး လူသားရယ်လို့သတ်မှတ်ခံထားရတဲ့ လူသားက မန်ချက်စတာယူနိုင်တက် အတွက် ကစားပေးတော့မှာမို့ပါ။ ဘယ်သူလဲ ဆိုတာတော့ မန်ချက်စတာယူနိုင်တက် ပရိသတ်ကြီးလည်း ရိပ်မိမှာပါ။ သူကလည်း မန်ချက်စတာယူနိုင်တက်ပရိသတ်တစ်ယောက်ပါပဲ။ 

ကမ္ဘာ့အမြန်ဆုံးရယ်လို့ သတ်မှတ်ခံထားရတဲ့ အူစိန်ဘော့က မန်ချက်တာယူနိုင်တက် အတွက် ကစားပေးမှာပါ။ လာမယ့် စက်တင်ဘာ ၁ ရက်နေ့ ၊ အိုးထရက်ဖိုဒ့်ကွင်းမှာကစားမယ့် မန်ချက်စတာ ယူနို်က်တက်ဂန္ထဝင်တွေနဲ့ ဘာစီလိုနာဂန္ထဝင် တို့ရဲ့ ချစ်ကြည်ရေး ရန် ပုံငွေပွဲကစားကြမှာဖြစ်ပါတယ်။ အဆိုပါ ခြေစမ်းပွဲမှာ အူစိန်ဘော့ ပါ၀င် ကစားမယ် လို့ သတင်း ရရှိပါတယ်။ အူစိန်ဘော့က မန်ချက်စတာယူနိုင်တက်အသင်း၏ အမာခံပရီသတ်တစ်ယောက်ပါ။

ဂျမေကာ အပြေးသမားဖြစ်တဲ့ အပြေးလောကမှာ စံချိန်ကောင်းများစွာ တင်ရှိနိုင်ထားတာပါ။ ဒါကြောင့် သူ့ကိုလဲ အပြေးလောကရဲ့ လျှပ်စီးလူသား(Flash) ရယ်လို့ လူတွေက တင်စားထားကြတာပါ။ မန်ချက်စတာယူနိုင်တက်၏အမာခံပရီသတ်မို့ အူစိန်ဘော့က မန်ချက်စတာယူနိုင်တက်အသင်းမှာ ကစားဖို့က သူ့ရဲ့ အိပ်မက်တစ်ခုပါလို့ အကြိမ်ကြိမ်ပြောကြားခဲ့ပါတယ်။ ယခုအခါမှတော့ အူစိန်ဘော့၏စိတ်ဆန္ဒတွေ ပြည့်ဝသွားပြီလို့ ဆိုရမယ်။ ကဲပရိသတ်ကြီးကကော အူစိန်ဘော့ ကစားတာကို ကြည့်ချင်နေပြီမလား။

Hein (Mg Lu Aye) 

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။