အာဆီယံကြီးလေးကြီးထဲကအုပ်စုအဆင့်မှာဘယ်သူကျန်နေခဲ့မလဲ

ဆီးဂိမ်းပြိုင်ပွဲရဲ့အုပ်စုအဖွင့်ပွဲစဉ်အချို့ကစားပြီးတဲ့နောက်မှာ

ဆီးမီးဖိုင်နယ်တက်ဖို့သေချာတဲ့အသင်းတချို့ကိုမှန်းဆလို့ရပါပြီ။

လက်ရှိအာဆီယံကြီးလေးကြီးအဖြစ်သတ်မှတ်လို့ရသူတွေကတော့

ဆီးဂိမ်းနှစ်နှစ်ဆက်ချန်ပီယံထိုင်း၊အိမ်ရှင်မလေးရှား၊ဗီယက်နမ်နဲ့

စင်ကာပူဆီးဂိမ်းငွေဆုရှင်မြန်မာပါပဲ။မြန်မာအသင်းဟာစင်ကာပူကိုအနိုင်ရလိုက်တဲ့အတွက်ဆီမီး

ဖိုင်နယ်ရောက်ဖို့သေချာသလောက်ဖြစ်သွားပါပြီ။ပွဲစဉ်ရေးဆွဲထားမှုအရ လာအိုနဲ့ဘရူနိုင်းကိုအနိုင်ရလိုက်ရင်

ရမှတ်ကိုးမှတ်ရယူထားနိုင်ပြီးနောက်ဆုံးပွဲအိမ်ရှင်မလေးရှားနဲ့ပွဲကိုလှည့်ကြည့်စရာတောင်မလိုပါဘူး။

မလေးရှားကတော့စင်ကာပူနဲ့ဒုတိယပွဲစဉ်မှာရှုံးလို့မရပါဘူး။

သရေကျမယ်ဆိုရင်တော့မြန်မာကအသာကြီးဖြစ်သွားမှာပါ။

စင်ကာပူပဲဖြစ်ဖြစ်မလေးရှားပဲဖြစ်ဖြစ်မလေးရှားပဲဖြစ်ဖြစ်ရှုံးတဲ့

အသင်းတိုင်ပါတ်သွားပါပြီ။တစ်ဖက်အုပ်စုမှာတော့ အင်ဒိုနဲ့သရေကျခဲ့တဲ့ထိုင်းအုပ်စုတက်ဖို့စိုးရိမ်သွားရပါပြီ။ထိုင်းအသင်းသားတွေရဲ့စိတ်

ကြီးဝင်မှုဟာသူ့တို့အသင်းကိုပြန်သတ်သွားပုံပါပဲ။အခုဆိုရင်ထိုင်းနဲ့အတူအုပ်စုကတက်ဖို့

အင်ဒိုလည်းဆတူအခွင့်အရေးရသွားပါပြီ။

ဟောင်အန်ဂယ်လိုင်ကစားသမားအများစုနဲ့ဗီယက်နမ်ကတော့တီမောကိုဂိုးပြတ်သွင်းပြီး

ဆီးဂိမ်းပြိုင်ပွဲဝင်အသင်းတွေထဲမှာတိုက်စစ်အကောင်းဆုံးဆိုတာပြသသွားပါတယ်

။ဒီခြေစွမ်းအရဆိုရင်တော့ဗီယက်နမ်ဆီမီးရောက်ဖို့သေချာသလောက်ပါပဲ၊၊လောလောဆယ်မှာ ဆီမီးတက်ဖို့အသေချာဆုံးကမြန်မာလို့ပြောလို့ရပြီး

ကျန်တဲ့ကြီးသုံးကြီးပဲတက်လာမလားစင်ကာပူ၊အင်ဒိုတို့လို့ဖျက်မြင်းအသင်းတွေတက်လာမလားဆိုတာတော့...

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။