PSG အသင်းရဲ့တိုက်စစ်မှူး ဂျေစီ ရိုဒရီဂွက်ကို စတုတ်စီးတီးအသင်းက တစ်ရာသီအငှားခေါ်ယူဖို့ သဘောတူညီမှုရရှိထားခဲ့ပြီဖြစ်ပါတယ်။PSG အသင်းမှာ နေမာ၊ ဒီမာရီးယား ၊ ပတ်တိုရီ၊ဒရက်စလာ တို့ရှိနေခဲ့တာဖြစ်တာကြောင့် ဂျေစီကို အငှားချဖို့ ဆုံဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

အသက် ၂၃ နှစ်သာရှိသေးတဲ့ ဂျေစီဟာ ၂၀၁၆ ခုနှစ်က ရီးရဲလ်မက်ဒရစ်အသင်းကနေ PSG အသင်းကို ယူရို ၂၂.၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာလည်းဖြစ်ပါတယ်။ဂျေစီ ရိုဒရီဂွက်ဟာ ခြေစွမ်းပြကစားနိုင်တဲ့လူငယ်ကစားသမားတစ်ယောက်ဖြစ်သော်လည်း ရီးရဲလ်မက်ဒရစ်ကစားသမားတွေဖြစ်ကြတဲ့ စီရော်နယ်ဒို ၊ ဘေလ်း တို့ရဲ့နောက်မှသာ ကစားခွင့်ရရှိခဲ့တာကြောင့် PSG အသင်းကို ပြောင်းရွှေ့လာခဲ့တာလည်းဖြစ်ပါတယ်။ 

PSG အသင်းဟာ ပြီးခဲ့တဲ့ရာသီက ဂျေစီကို လက်ပါးမား အသင်းထံအငှားချထားခဲ့တာလည်းဖြစ်ပါတယ်။ဂျေစီဟာ PSG အသင်းအတွက် ၁၄ ပွဲသာကစားခွင့်ရရှိထားခဲ့ပါတယ်။ဂျေစီဟာ လက်ပါးမား အသင်းအတွက် ၁၆ ပွဲကစားခွင့်ရရှိခဲ့ပြီး ၃ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။

SOURCE - FOOTBALL TEANSFER NEWS

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။