မိမိခန္ဓာကိုယ် ၀လိုပဲဖြစ်ဖြစ် ပိန်ချင်လိုပဲဖြစ်ဖြစ် လှချင်လိုပဲဖြစ်ဖြစ်မည်သူမဆို မည်သူမဆို၀ိတ်ကျချင်ကြပါတယ်။စိတ်ကတော့ဝိတ်ကျချင်ပေးမဲ့ ကိုယ်ကမအားတာနဲ့ မလုပ်ဖြစ်တာနဲ့ သေချာမလုပ်တာနဲ့ ကိုယ်လိုချင်တဲ့ခန္ဓာကိုယ်ကို မရနိုင်ကြပါဘူး။မည်သည့်အရာမဆို ကိုယ်လိုချင်တဲ့ပန်းတိုင်ကိုရောက်ဖို စိတ်အားထက်သန်မှု လိုအပ်ပါတယ်။စိတ်အားထက်သန်မှုမရှိရင် လိုချင်တဲ့ပန်းတိုင်ကိုရောက်ဖို့ ကြံ့ကြာနေတတ်ပါတယ်။

အချိန်ကုန် လူပင်ပန်းတာပဲအဖတ်တင်ပြီး ဒုံရင်းဒုံရင်းပဲဖြစ်သွားတဲ့လူတွေလဲအများကြီးပါ။ဒါကြောင့် နည်းဝိတ်ချနည်းလေးကို စိတ်ဝင်စားတယ်ဆိုရင်တော့ သေချာစိတ်နှစ်ပြီးတော့လုပ်မှ ကိုယ်လိုချင်တဲ့ခန္ဓာကိုယ်လှလှလေးကို ရရှိမှာဖြစ်ပါတယ်

ပထမ ရက်

ပထမရက်မှာတော့ဘာလေ့ကျင့်ခန်း လုပ်စရာမလိုပါဘူး။လုပ်ရမှာကတော့ တစ်နေလုံး ဟင်းသီးဟင်ရွက် သစ်သီးတွေစားခြင်းပါဘဲ။ဖရဲသီး၊သရက်သီး၊ဌက်ပျောသီး၊လိုင်ချီးသီး၊စပျ၊ဖရဲသီး၊လိမ္မော်သီး၊ပန်းသီးသလဲသီး၊သဘောသီး၊စတော်ဘယ်ရီသီး စတာတွေကိုစားသုံးနိုင်ပါတယ်။လတ်ဆက်တဲ့ သစ်သီးဖြစ်ရင်ပိုပြီးအဟာရတိုးစေပြီး သဘောသီးကို အဓိကထားပြီးစာရင်ပိုကောင်းပါတယ်။အသီးတွေစားခြင်းဖြင့် သင့်ခန္ဓာကိုယ်မှာလို အပ်နေတဲ့ အဟာရဓာတ်တွေကိုရရှိစေပြီး ခန္ဓာကိုယ်အနှ့ံကို သင့်တင့်မျှတာစွာ ထိန်းညှိပေးပါတယ်။

ဒုတိယရက်

ဒုတိယရက်ကတော့ ဟင်းသီးဟင်းရွက်တွေစားရမယ်ရက်ပါ။ထိုနေ့မှာ အားလူးတစ်လုံးနဲ့ထောပတ် တစ်ဇွန်းကို စားပေးရပါမယ်။တစ်နေ့လုံးမှာ တစ်ကြိမ်ပဲစားပေးရမှာဖြစ်ပါတယ်။အခြားဟင်းသီးဟင်းရွက်တွေကိုတော့ ကိုကြိုက်မယ်ထင်တဲ့ဟာလေးတွေစားလိုရပါတယ်။အာလူးကိုတော့တစ်လုံးသာစားပါ ။ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ကာဘွန် ဟိုက်ဒရိတ် ဓာတ်ပို့ပေးခြင်းဖြစ်ပါတယ်။အသီးအရွက် စားချင်းဖြင့်အမျှင်ဓာတ်ကိုလည်းစုဆောင်းပေးသလိုဖြစ်ပါတယ်။ဟင်သီးဟင်ရွက်တွေကိုတော့ အကြော်၊အချက် စားတာထက် အစိမ်းစားတာကောင်းပါတယ်။

တတိယရက်

တတိယနေ့အတွက်ကတော့ ပထမနေနဲ့ဒုတိယနေ့မှာစားသလိုပါပဲ။ဟင်းသီဟင်းရွက်နဲ့အသီးတွေကို စားရမှာပါ ဟင်းသီးဟင်ရွက်မှာတော့ အာလူးစားခြင်းကိုတော့ရှောင်ပါ ဘာလို့လဲဆိုတော့ ဒုတိယနေ့မှာစားထားတဲ့အတွက် ကာဘွန်ဟိုက်ဒရိတ် ဓာတ်ကတော့ပြည်စုံနေပါပြီ။ဗိုက်ကတော့ စာမှာပါ ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်လေးရောက်ဖို့ရောက်ဖို့အတွက် ခဏတော့သည်းခံပါ

စတုတ္ထရက်

ထိုနေ့မှာတော့ ဌက်ပျောသီးနဲ့ နွားနို့ကို သောက်ပါ။ဌက်ပျောသီးကတော့ ကိုယ်အလေးချိန်တိုးစေပါတယ်(၀တာကိုပြောတာမဟုတ်ပါ)။ဌက်ပျောသီး (၆) လုံးနဲ့ နွားနို့(၄)ခွက် သောက်ပါ။ဆာနေတာလေးကိုတော့ သည်းခံရမှာပါ။လေးရက်လုံးဘာမှ မစားလာတဲ့အတွက် ခန္ဓာကိုယ်က လိုအပ်နေတဲ့ ပိုတတ်ဆီယံ နဲ့ ဆိုဒီယံ ဓာတ်တွေရရှိလာပါလိမ့်မယ်။

ပဥ္စမရက်

ပဥ္စမနေ့မှာတော့ ခရမ်းချဉ်သီးနဲ့ ချိစ်တို့ကိုစားရမယ်နေ့ဖြစ်ပါတယ်။ထိုနေ့ကိုတော့ ရေသောက်သုံးမူကို ခါတိုင်းထက်မြင့်ပေးပါ (၄) ပုံ (၁)ပုံလောက်မြင့်တင်ပေးပါ။ခရမ်းချဉ်သီးကို (၆) လုံး စားရပါမယ်။ချဉ်သီးကအမျှင်ဓာတ်နဲ့ အစာချေစနစ်ကိုထောက်ပံ့ပေးပြီး ရေကတော့ အစိတ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

ဆဋ္ဌမရက်

(၆)ရက်နေ့ မှာတော့ ဟင်းသီဟင်းရွက်နဲ့ချိစ်ကိုစားသုံးပေးပါ။ဟင်းသီဟင်းရွက်ကတော့ လိုအပ်တဲ့ ဗီတာမင်ကို ဖြည့်ပေးဖို့ပါပဲ။ချိစ်ကိုတော့ အစာခံနိုင်စားပေးဖို့ပါ။ထိုနေ့မှာတော့ ခရမ်းချဉ်သီးစားသုံးခြင်းကို ရှောင်ပါ။အဲဒီနေ့မှာ ကိုယ့်ကိုယ်ကို မှန်ထဲမှာကြည့်ကြည့်ပါ။ပြောင်းလဲနေ့တဲ့ခန္ဓာကိုယ်ကို သင်တွေ့ပါလိမ့်မယ်

သတ္တမရက်

ဒီရက်ကတော့ နောက်ဆုံးရက်ဖြစ်ပြီး အရေးကြီးဆုံးရက်လဲဖြစ်ပါတယ်။ဒီရက်မှာ သစ်သီးဖျော်ရည်နဲ့ ဆန်လုံးညိုလိုမျိုး အခြားလတ်ဆက်သန့်ရှင်းတဲ့ ဖျော်ရည်တွေကိုသောက်သုံးနိုင်ပါတယ်။ရေကိုတော့ တတ်နိုင်သလောက်များများသောက်ပါ။

ဖြတ်သန်းနေတဲ့(၇)ရက်တာအတွင်းမှာဆောင်ရန်ရှောင်ရန်အချက်တွေလဲဖော်ပြပေးလိုက်ပါတယ်

-ပထမရက်တွင် သစ်သီးဖျော်ရည်သောက်ခြင်းရှောင်ပါ

-လက်ဖက်ရည်၊ကော်ဖီ၊အရက်၊ဘီယာသောက်ခြင်းကိုရှောင်ပါ။သကြားမပါတဲ့ black coffee ၊သံပရာရည်ကို တော့သောက်သုံးပေးနိုင်ပါတယ်

-နေ့စဉ် (၄၅)မိနစ်လောက် လေ့ကျင့်ခန်းလုပ်ပေးခြင်းဖြင့် ပိုပြီးကျန်းမာလှပတဲ့ခန္ဓာကိုယ်ကိုရရှိစေမှာပါ

-ဟင်းသီဟင်းရွက်စားသုံးအခါမှာ ၀ုိင်၊ဗနီဂါ၊သံပုရာရည် ညှစ်ပြီးစားသုံးနိုင်ပါတယ်။

သတင်းအရင်းမြစ် ဗုိက္အဆီက်နည္းလမ္းမ်ား

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။