သိုဝှက်သောလာအိုအသင်းနဲ့ယှဉ်ပြိုင်ရမယ့်မြန်မာအသင်းရဲ့ဒုတိယမြောက်စာမျက်နှာ
မြန်မာအသင်းရဲ့ဒုတိယပွဲစဉ်အဖြစ်လာအိုအသင်းနဲ့
ဒီနေ့ည7:15မှာယှဉ်ပြိုင်ရတော့မှာဖြစ်ပါတယ်။
လာအိုအသင်းဟာသိုဝှက်လွန်းတဲ့အသင်းတစ်သင်းဖြစ်ပြီး
သူတို့ရဲ့လှုပ်ရှားမှုတွေကိုလျိှုု ့ဝှက်ထားတတ်တဲ့အသင်းတစ်
သင်းဖြစ်ပါတယ်။သူတို့အသင်းရဲ့အနီးဆုံးခြေစွမ်းကိုလိုက်ကြည့်ရရင်မြောက်ကိုရီးယားမှာကျင်းပခဲ့တဲ့အာရှယူ-23ခြေစစ်ပွဲစဉ်တွေကိုတွေ့ရပြီး
ဟောင်ကောင်နဲ့တစ်ဂိုးစီသရေ၊တိုင်ပေကိုသုံးဂိုးတစ်ဂိုးနဲ့အနိုင်ယူထားပြီး မြောက်ကိုရီးယားကိုတော့ခြောက်ဂိုးပြတ်ရှုံးနိမ့်ထားပါတယ်။
လာအိုပရီးမီးယားလိဂ်ချန်ပီယံလာအိုတိုယိုတာကစားသမား
အများစုပါဝင်ပြီးလာအိုတိုယိုတာကစားသမားဆွန်သန်လန်း
ဟာခြေစစ်ပွဲစဉ်တလျှောက်အထူးခြေစွမ်းပြခဲ့ပါတယ်။ရှေ့တန်းကဆုန်ချစ်နဲ့လန်ဘိုဟာ
ဂိုးသွင်းစွမ်းရည်မြင့်မားသူတွေပါ။လာအိုအသင်းဟာလူကောင်သေးပေမယ့်လည်း
အမြင့်ဘောတွေနဲ့ကစားတတ်ပြီးကောင်တာတွေကနေဂိုးရယူတတ်တာကိုလည်းတွေ့ရပါတယ်။
လာအိုအသင်းရဲ့ဂိုးသမားဆေမနိုလန်ကတော့အရပ်အမောင်းတော်တော်နိမ့်တာတွေ့ရပါတယ်။
မြန်မာအသင်းဘက်ကိုကြည့်မယ်ဆိုရင်ဒီပွဲဟာ
မြန်မာတိုက်စစ်မှူးတွေဂိုးတွေသွင်းယူရမယ့်ပွဲပါ။အောင်သူထက်စာရင်အောင်ကောင်းမာန်၊သန်းပိုင်တို့
ဂိုးသွင်းဖို့ပိုလိုအပ်ပါတယ်။ဒါမှသူတို့ဟာအရေးကြီးပွဲစဉ်တွေမှာယုံကြည်မှုပြည့်ဝနေမှာပါ။
ပထမပွဲကနန်းဝေမင်းသူ့အမှားတွေကိုဒီနေ့ပွဲမှာပြင်ဖို့တော့လိုပါတယ်။
သူ့ကိုဆင်းကူနေရလို့မောင်မောင်လွင်စင်ကာပူနဲ့ပွဲမှာခြေစွမ်းပျောက်နေခဲ့တာအားလုံးအသိပါ။ခြုံပြောရရင် လာအိုနည်းပြကြီးမိုက်ဝေါင်းရဲ့ကောင်လေးတွေထက်ဂျာမန်ကြီးမစ္စတာဂတ်ရဲ့ကောင်လေးတွေကအစစအရာရာသာပါတယ်။
မြန်မာအသင်းဂိုးပြတ်မယ့်ပွဲပါပဲ။
agu
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။