တိုက်ဆိုင်မှုရှိလျှင်ဇာတ်ကားမှာ မြန်မာပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ဘောလိဝုဒ်ဇာတ်ကားတွေမှာလဲ သရုပ်ဆောင်ခဲ့တဲ့ မြန်မာမင်းသမီးလိုင်လာခန်းကတော့ မြန်မာ့ရုပ်ရှင်ပေါ်အမြင်ကို ဖွင့်ဟပြောဆိုခဲ့ပါတယ်။ဘောလိဝုဒ်ဇာတ်ကားတွေ အများအပြားရိုက်ကူးခဲ့တဲ့ မြန်မာသရုပ်ဆောင်လိုင်လာခန်းဟာ အိမ်ထောင်ကျပြီးနောက် ဘောလိဝုဒ်ဇာတ်ကားတွေရိုက်ကူးမှုရပ်နားထားခဲ့ပြီး မြန်မာဇာတ်ကားတွေ အခွင့်သင့်သလို ိုရိုက်ကူးနေခဲ့တာဖြစ်ပါတယ်။

“မြန်မာနိုင်ငံမှာ ရုပ်ရှင်ရိုက်ကူးမယ့် ကိစ္စကိုတော့ ကျွန်မ အမျိုးသားက ခွင့်ပြုပြီးသားပါ။ သူနဲ့လက်မထပ်ခင်ကတည်း ကပြောထားတယ်။ မြန်မာနိုင်ငံ မှာ ရုပ်ရှင်ပေးရိုက် ခွင့်မပြုရင် ငါနင့်ကို လက်မထပ်တော့ဘူး လို့ ပြောထားပြီး သားပါ။ သူက ဘောလိဝုဒ် မှာ ရုပ်ရှင်မရိုက်နဲ့တော့ ဆိုပြီးတားလို့ မရိုက် တော့ဘူးလေ။ ကိုယ်က တစ်ခုပဲလက်ခံနိုင်မယ်လေ။ ကိုယ်က အနုပညာရှင်တစ်ဦးဖြစ်နေတဲ့ အတွက် အနုပညာဆိုတာ ကိုယ့်ရဲ့ ဝါသနာလေ။ ကိုယ်ရဲ့ဝါသနာကိုတော့ အဆုံးရှုံး မခံချင်ဘူး။ ဘောလိဝုဒ်ရုပ်ရှင်ကတော့ အကိုင်အတွယ်တွေပိုင်းမှာ နီးစပ်တော့ သူသိပ်မကြိုက်ဘူး။ လက်မခံနိုင်ဘူးဆိုတာကို ကျွန်မလည်း လက်ခံ နားလည်ပေးပါတယ်။ ဒါပေမဲ့ မြန်မာ့ရုပ်ရှင်တွေဟာ အများကြီး ယဉ်ကျေးပါတယ်။ ကိုယ်နေတတ်ရင် နေတတ်သလို အဆင်ပြေတယ် လို့ပြောတော့ သူကိုယ်တိုင် မြန်မာ ဇာတ်ကားတွေကို ကြည့်ဖြစ်တော့ သူလက်ခံပါတယ်။ အဲ့ဒါကြောင့် ဦးမျိုးမင်းတို့နဲ့ ဇာတ်ကားတွေ ထပ်ရိုက်ကူးဖို့ရှိလာမှာ ဖြစ်ပါတယ်” လို့ လိုင်လာခန်းက ဆိုပါတယ်။

လိုင်လာခန်းဟာ မြန်မာနိုင်ငံမှာတော့ “တိုက်ဆိုင်မှုရှိလျှင်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား နဲ့ မြန်မာပရိသတ်တွေရဲ့ အားပေးမှုများစွာ ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး မကြာခင်မှာတော့ မြန်မာနိုင်ငံမှာရိုက်ကူးတဲ့ သူ့ရဲ့ ဒုတိယမြောက်ဖြစ်လာမယ့် ရာဇဝင်ရိုင်းသူများ ရုပ်ရှင် ဇာတ်ကားဟာလည်း ရုံတင်လာတော့မှာ ဖြစ်ပါတယ်။

“တိုက်ဆိုင်မှုရှိလျှင် ဇာတ်ကားကတော့ အသည်းနှလုံးနဲ့ အနီးစပ်ဆုံးဖြစ်ခဲ့တဲ့ ဇာတ်ကားပါ။ ရာဇဝင်ရိုင်းသူများ ရုပ်ရှင် ဟာလည်း ကိုယ့်အတွက်အဓိကကျတဲ့ ရုပ်ရှင်ဇာတ်ကားလေးပါ။ တိုက်ဆိုင်မှုရှိလျှင်တုန်းကတော့ ဗီလိန်ကာရိုက်တာကို လုပ်ခဲ့တယ်။ အခု ရာဇဝင်ရိုင်းသူများကတော့ သူနဲ့ ဆန့်ကျင်ဘက်ကာရိုက်တာ နဲ့ သရုပ်ဆောင်ထားတာဖြစ်တယ်။ အဲ့ဒီတော့ အခုရင်ထဲမှာ ရှိနေတာ တစ်ခုက ပရိသတ်တွေက ကိုယ့်ကိုPositive ကာရိုက်တာကိုကော လက်ခံမလား ဆိုပြီး စိုးရိမ်စိတ်ရှိတယ်။ Negative ကာရိုက်တာ အနေနဲ့တော့ “တိုက်ဆိုင်မှု ရှိလျှင်” မှာ ရပြီးသွား ပြီဆိုတော့ ရာဇဝင်ရိုင်း သူများက Positive ကာရိုက်တာကိုလည်း ဘယ်လိုနေလဲဆိုတာကိုတော့ စိတ်ဝင်စားနေပါတယ်။ ပရိသတ်တွေ ပေးတဲ့ အကယ်ဒမီကို ပြန်ရမလား ပေါ့” လို့လိုင်လာခန်းက သူရဲ့ ခံစားချက်ကို ဖွင့်ဟပြောကြားခဲ့ပါတယ်။

Source : local media

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။