အချစ်စစ်တို့မည်သည် မိုင်တွေဘယ်လောက်ကွာဝေးပါစေ နီးစပ်နိုင်တယ်ဆိုတာ သက်သေပြလိုက်သလိုပါပဲ။

သီချင်းတွေထဲမှာတော့ ရေမြားခြားချစ်သူ ဆိုပြီး ကြားဖူးနားဝရှိကြမှာဖြစ်ပေမယ့် အခုလို လက်တွေ့သိလိုက်ရတော့ ပိုပြီး အ့ံအားသင့်မသွားဘူးလား ပရိသတ်ကြီးရေ။

၀တ္ထုလည်းမဟုတ် ပုံပြင်လည်းမဟုတ် သီချင်းထဲမှာလည်း မဟုတ်တဲ့ ပြင်ပက ဖြစ်ရပ်မှန်ဇာတ်လမ်းလေးလို့ ပြောလို့ရပါပြီ။ ဖိလစ်ပိုင်နဲ့ ကနေဒါဟာမိုင်ပေါင်း 6921 မိုင် (6933 မိုင်ဟုလည်းဆို) ကွာဝေးတဲ့အပြင် တစ်နိုင်ငံကတစ်နိုင်ငံကို လေယာဉ်ဆိုရင် လေဆိပ်အဆင့်ဆင့်ကို ဖြတ်ကျော်ပြီးမှ ရောက်နိုင်ပါတယ်။

ကနေဒါနိုင်ငံသူလေး နဲ့ ဖိလစ်ပိုင်ကောင်လေး တို့ဟာ Social Media လူမှုကွန်ရက်ကနေ တွေ့ဆုံခဲ့ပြီး ဖူးစာဆုံခဲ့တာပါ။

ကနေဒါကမိန်းမချောလေးဟာ အွန်လိုင်းမှာ ချစ်သူဖြစ်နေတဲ့ သူ့ရဲ့ကောင်လေးရှိရာ မိုင်ပေါင်း(၈)ထောင်ကျော်ဝေးတဲ့ ဖိလစ်ပိုင်နိုင်ငံထိ သွားရောက်ခဲ့တာပါ။

ဖိလစ်ပိုင်နိုင်ငံ General Santos City မှာ နေထိုင်တဲ့ Romel နဲ့ သူရဲ့ချစ်သူ ကနေဒါသူ Elodieတို့နှစ်ဦးဟာ လွန်ခဲ့တဲ့ 2009 ခုနှစ်ကမှ Facebook ပေါ်မှာ စတင်စုံတွေ့ခဲ့တာပါ။ အပြင်မှာတစ်ခါမှမတွေ့ဖူးကြပဲ Fri Request အပ်လိုက်ပြီးမှ သူငယ်ချင်းတွေဖြစ်သွားရာကနေ ရင်းနှီးမှုတွေပိုကဲပြီး ချစ်သူဖြစ်ခဲ့ကြတာပါ။

Elodie ဟာ (၂၀၁၂)ခုနှစ် ဇန်ဝါရီလ (၅)ရက်မှာတော့ သူ့ချစ်သူရှိရာ ဖိလစ်ပိုင်နိုင်ငံကို အရောက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ ဖိလစ်ပိုင်မှာ သူတို့နှစ်ဦးသား ပျော်ရွှင်စွာနဲ့ အချိန်တွေအတူကုန်ဆုံးခဲ့ပြီး Elodie တစ်ယောက် သူ့ရဲ့မွေးရပ်မြေကနေဒါကို ပြန်သွားခဲ့ပါတယ်။

ခွဲနေရတဲ့ ဒဏ်က သူတို့အတွက် ခက်ခဲတယ်ဆိုတာသိလိုက်ပြီးနောက် Elodie ဟာ သူ့ချစ်သူကောင်လေးရှိရာ ဖိလစ်ပိုင်နို်င်ငံကို ပြန်လာပြီး (၂၀၁၃)ခုနှစ် သြဂုတ်လ(၁၃)ရက်မှာ လက်ထပ်မင်္ဂလာဆောင်ခဲ့ကြပါတယ်။

Elodie ကတော့ သူတို့နှစ်ယောက်ရဲ့ဖူးစာဆုံပုံနဲ့ပတ်သက်ပြီး အချစ်စစ်မှန်ရင် နီးနီးလေးပါပဲလို့ ပြောခဲ့ပါတယ်။

ပရိသတ်တွေရော အွန်လိုင်းပေါ်က ချစ်သူနဲ့ ဆုံတွေ့နေပြီလား။ 

သတင်းအရင်းမြစ် Elitereaders

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။