မိန်းကလေးအများစုမှာ ဆံပင်ကျွတ်တဲ့ ပြသနာကို ရင်ဆိုင်နေကြရပါတယ်။ တစ်ချို့သော ယောက်ျားလေးတွေမှာဆိုရင်တောင်မှ ဆံပင်တွေ ပါးလာလို့ ဆံပင် ကျွတ်လွန်းလို့ ဆိုတဲ့ ညည်းသံတွေ ကြားဖူးကြပါတယ်။ ဒါတွေကို သက်သာစေနိုင်မဲ့ အိမ်တွင်းကုထုံးလေးတွေနဲ့ ဆံပင်ကျွတ်တာ သက်သာစေနိုင်မဲ့ နည်းလမ်းလေးများကိုလည်း အောက်ပါအတိုင်း မျှဝေပေးလိုက်ပါတယ်။  

(၁) အုန်းသီး

- ဆံပင်ကို အဖျားမှ အရင်းအထိ အုန်းဆီကို လိမ်းပါ။

- တစ်နာရီခန့် ထားပြီးနောက် ခေါင်းလျှော်ပါ။

(သို့မဟုတ်)

- အုန်းသီးကိုခြစ်၍ အနှစ်ရအောင် ညှစ်ပြီး နွားနို့ နှင့် ရေ အနည်းငယ်ထည့်ပြီး ရောသမအောင် မွှေပေးပါ။

- ဆံပင် ပါးနေသော နေရာနှင့် သိသိသာသာ ကျွတ်ပြီး ကွက်နေသော နေရာများသို့ သုတ်လိမ်းပေးပါ။

- ထို့နောက် ညသိပ်၍ နောက်တစ်နေ့ မနက်မှ ခေါင်းလျှော်ပါ။

ထိုသို့ပြုလုပ်ခြင်းဖြင့် ဆံပင်ကျွတ်ခြင်းမှ ကင်းဝေးစေနိုင်ပါတယ်။ 

(၂) ကြက်သွန်နီ

- ကြက်သွန်နီကို အခွံနွှာပြီး အရည်ရသည်အထိ ကြိတ်ပါ။

- ဆံပင်ပါးသော နေရာများသို့ ၁၅ မိနစ်ခန့် သုတ်လိမ်းထားပေးပါ။

- ကလေးသုံး ခေါင်းလျှော်ရည် (သို့) ဓာတုနည်းသော ခေါင်းလျှော်ရည်ကို အသုံးပြုပြီး ခေါင်းလျှော်ပါ။

- သဘာဝအတိုင်း ဆံပင် အခြောက်ခံပါ။ အပူပေးစက်များ မသုံးပါနှင့်။

ထိုနည်းအတိုင်း တစ်ပတ်ကို နှစ်ကြိမ် ပြုလုပ်ပေးခြင်းဖြင့် ဆံပင်ကျွတ်ခြင်းမှ သိသိသာသာ သက်သာပျောက်ကင်းစေပါလိမ့်မယ်။

(၃) ကြက်သွန်ဖြူ

- ကြက်သွန်ဖြူများကို အခွံခွာ၍ ညက်နေအောင် ထောင်းပါ။

- ထို့နောက် အုန်းဆီနှင့်ရော၍ မိနစ်အနည်းငယ် ကျိုချက်ပါ။

- အအေးခံပြီးနောက် ဦးရေနှင့် ပါးနေသော ဆံပင်နေရာများကို သုတ်လိမ်းပေးပါ။

- မိနစ် ၃၀ ခန့် ထားပြီးနောက် ခေါင်းလျှော်ပါ။

ထိုနည်းလမ်းကိုလည်း တစ်ပတ် နှစ်ကြိမ် ပြုလုပ်ပေးခြင်းဖြင့် ဆံပင်ကျွတ်ခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ 

(၄) ဒန်းပင်

- ဒန်းရွက်များကို စင်ကြယ်အောင် ရေဆေးပြီး၊ အခြောက်ခံပါ။

- ဒန်းရွက် ၁၀ ကျပ်သားခန့်နှင့် မုန်ညင်းဆီ ၃ကျပ်သားခန့် ရော၍ ဒန်းရွက်များ ပျော်ဝင်သွားသည်အထိ ကျိုချက်ပါ။

- ဦးရေများနှင့် ဆံသားများကို သုတ်လိမ်းပေးပါ။ ပိုကျန်နေသော အဆီများကို ပုလင်းထဲထည့်၍ သိမ်းထားနိုင်ပါတယ်။

- ဒန်းရွက်များဖြင့်လည်း ဆံပင်ကို အုပ်၍ ပေါင်းထားနိုင်ပါတယ်။

- တစ်နာရီခန့်ထားပြီးနောက် ခေါင်းလျှော်လို့ရပါပြီ။

ထိုနည်းသည်လည်း ဆံပင်ကျွတ်ခြင်းကို သက်သာစေနိုင်သော နည်းလမ်းကောင်းတစ်ရပ်ဖြစ်ပါတယ်။  

(၅) ခေါင်ရန်းပန်း

- ခေါင်ရန်းပန်း၏ ပွင့်ဖတ်များကို ခြွေ၍ နှမ်းဆီ (သို့မဟုတ်) အုန်းဆီနှင့် ရောမွှေပါ။

- ဦးရေပြားတွင် သုတ်လိမ်း၍ နာရီအနည်းငယ် ထားပါ။

- ထို့နောက် ကလေးသုံး ခေါင်းလျှော်ရည် (သို့) ဓာတုနည်းသော ခေါင်းလျှော်ရည်ကို အသုံးပြုပြီး ရေအေးဖြင့် ခေါင်းလျှော်ပါ။

(၆) ကြက်ဥ

- ကြက်ဥတစ်လုံး၏ အကာနှင့် သံလွင်ဆီ (လက်ဖက်ရည်ဇွန်း တစ်ဇွန်း) ကို ရောမွှေပါ။

- ဦးရေပြားနှင့် ပျက်စီးနေသော ဆံသားအပေါ်တွင် သုတ်လိမ်းပေးပါ။

- ၁၅ မိနစ်မှ ၂၀ မိနစ်အထိ ထားပြီးတော့ ရေအေးဖြင့် ခေါင်းလျှော်ပါ။

၄င်းအိမ်တွင်းကုထုံး နည်းလမ်းများ အားလုံးသည် လွန်ကူပြီး ဆံပင်ကျွတ်ခြင်းမှ သိသာထင်ရှားစွာ ပျောက်ကင်းသက်သာစေသောကြောင့် ဆံပင်ကျွတ်လို့ စိတ်ညစ်နေရသူများအတွက် ထိုနည်းလမ်းလေးတွေကို လုပ်ကြည့်ရန် သတင်းကောင်းပါးလိုက်ချင်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။