ကြွက်တက်ခြင်းသည် ခြေထောက်နှင့် ခြေသလုံးကြွက်သားများတွင်သာမက ခန္ဓာကိုယ်နေရာအနှံ့ရှိကြွက်သားများတွင် နေ့ညမရွေးဖြစ်နိုင်ပါတယ်။

အလွန်နေရခက်သောကြွက်တက်ရခြင်းအကြောင်းအရင်းများမှာ -

1. ရေဓာတ်ခန်းခြောက်ခြင်း

ရေဓာတ်နည်းခြင်းကြောင့် ကြွွက်တက်နိုင်ပါသဖြင့် တစ်နေ့လုံး ရေသောက်မနည်းအောင် ဂရုပြုသင့်ပါတယ်။

2. အာဟာရချို့တဲ့ခြင်း

ကြွက်သားများကျုံ့နိုင်ဆန့်နိုင်ပြုလုပ်ရန်အတွက် ကယ်လ်ဆီယမ်၊ ဆိုဒီယမ်၊ ပိုတက်ဆီယမ်နှင့် မဂ္ဂနီဆီယမ် ပမာဏမှာ မျှခြေတွင်ရှိရန်လိုအပ်ပါသည်။ ဒါ့ကြောင့် အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်များကို နေ့စဉ်ပုံမှန်ဂရုစိုက်ပြီး စားသုံးသင့်ပါတယ်။

3. ဆေးဝါးများ၏ ဆိုးကျိုးများ

အဆီကျဆေး (statins) နှင့် ဆီးဆေး (Lasix) ကဲ့သို့ဆေးများဟာ ကြွက်တက်ခြင်းကိုဖြစ်စေနိုင်တာကြောင့် ဆေးသောက်ပြီးပြီးချင်း ကြွက်တက်ပါက ဆရာဝန်ထံချက်ချင်းသွားသင့်ပါတယ်။

4. ကြွက်သားပျော့ပျောင်းစေမည့်လေ့ကျင့်ခန်းများမပြုလုပ်ခြင်း

နေ့စဉ် အကြောလျှော့လေ့ကျင့်ခန်းများပြုလုပ်ခြင်းက ကြွက်သားများကို ပျော့ပျောင်းစေနိုင်တာကြောင့် ကြွက်တက်ခြင်းကို ကာကွယ်နိုင်ပါတယ်။

5. လိုသည်ထက်ပို၍ လေ့ကျင့်ခန်းများ အပြင်းအထန်ပြုလုပ်ခြင်း

လေ့ကျင့်ခန်းများကို မိမိခံနို်င်ရည်ထက် ပိုမိုပြင်းထန်စွာပြုလုပ်ခြင်းကြောင့် ကြွက်သားများပင်ပန်းလာပြီး ကြွက်တက်ခြင်းဖြစ်စေနိုင်ပါတယ်။

6. သွေးလည်ပတ်မှုစနစ်မကောင်းခြင်း

လမ်းလျှောက်ခြင်းကြောင့် ကြွက်တက်ခြင်း (သို့) ကြွက်သားနာခြင်းများခံစားရပါက သွေးလည်ပတ်စနစ်နှင့် ပတ်သက်မှုရှိနေနိုင်ပါတယ်။ ဒါမျိုးကို ရက်ဆက်ကြံုရပြီဆိုရင်တော့ ဆရာဝန်နှင့် သွားရောက်ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

7. ဖိနပ်များကြောင့် ကြွက်တက်ခြင်း

လူသိနည်းသော ကြွက်တက်စေတဲ့အကြောင်းအရင်းတစ်ခုဖြစ်ပြီး ဖိနပ်အပါးစီးနေရာမှ ဒေါက်မြင့်ဖိနပ်ပြောင်းစီးသူများတွင် ပိုမိုအဖြစ်များတတ်ပါတယ်။ ဒါကြောင့် နေ့စဉ်သွားလာလှုပ်ရှားနေရတဲ့သူတွေအနေနဲ့ သက်သောင့်သက်သာရှိမယ့် ဖိနပ်မျိုးကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

သတင်းအရင်းမြစ် Dr. Thinzar Wynn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။