လေကြီးတဲ့ဗီယက်နမ်နည်းပြ

ဆီးဂိမ်းပြိုင်ပွဲဝင်အသင်းတွေထဲမှာဗီယက်နမ်နည်းပြကြီး

ငုယင်ဟူသန်းကတော့လေတော်တော်ထွားတယ်လို့

ပြောရပါမယ်။ဗီယက်နမ်အသင်းအနေနဲ့ကမ္ဘောဒီးယားကို

လွယ်လွယ်ကူကူအနိုင်ရမယ်လို့မနေ့ကကြွားလုံးထုတ်လိုက်ပါတယ်။

သူဟာကမ္ဘောဒီးယားမနေ့ကဖိလစ်ပိုင်ကို 2ဂိုးဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့မှုအပြီးမှာဒီစကားကိုပြောကြားခဲ့တာ

ဖြစ်ပါတယ်။

ကမ္ဘောဒီးယားနောက်တန်းဟာလူပေးအလွန်မှားပြီးတစ်ဖက်အသင်းကို

တိုက်စစ်ဆင်နေချိန်မှာနောက်တန်းမှာနေရာလွတ်

များစွာဖြစ်ပေါ်နေတယ်လို့သူကပြောပါတယ်။အဲ့ဒီနေရာလွတ်တွေကိုသူ့ရဲ့တိုက်စစ်မှူးတွေဖြစ်တဲ့

ငုယင်ကောင်ဖောင်၊ဗန်တူရန်းတို့အကောင်းဆုံးအသုံးချပြီး

ကမ္ဘောဒီးယားကိုလွယ်လွယ်ကူကူအနိုင်ယူသွားမယ်လ

ို့ခပ်ကြွားကြွားပြောခဲ့ပါတယ်။တကယ်ဆိုရင်ကမ္ဘောဒီးယား

ဟာနပ်တူလာ၊ဗီစယ်စတဲ့နာမည်ကြီးနောက်တန်းကစား

သမားတွေပါဝင်လာတဲ့အသင်းတစ်သင်းပါ။

ငုယင်ဟူသန်းဟာအခုမှသာကြွားတာမဟုတ်ဘဲ

ပြိုင်ဘက်ထိုင်းအသင်းကိုလည်းချိုးချိုးနှိမ်နှိမ်ပြောခဲ့ပါသေးတယ်။

ထိုင်းအသင်းမှာတိုက်စစ်မှူးချန်းရော့နဲ့ဘူရမ်ကလွဲရင်

ကျန်တဲ့ကစားသမားတွေဟာသာမန်သာဖြစ်ပြီးထိုင်းကိုကြောက်ရင်အိမ်မှာပဲနေပြီးလာတောင်

မလာဘူးလို့ပြောခဲ့ပါသေးတယ်

။သူပြောတာဟုတ်မဟုတိတော့ဗီယက်နမ်နဲ့ထိုင်းပွဲတွေမှာစောင့်ကြည့်ပါဦးစိုု။

Agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။