ချန်ပီယံလိဂ်ဝင်ခွင့် play off ပြိုင်ပွဲပထမအကျော့တွေကျင်းပနေပြီဖြစ်ရာ အသင်းကြီးအများစုကတော့ သူတို့လိုချင်တဲ့ ရလဒ်ကိုယူဆောင်သွားနိုင်ခဲ့ကြပါတယ်။လီဗာပူလ်း၊ဆဲလ်တစ်၊ဆီဗီလား၊နာပိုလီ၊CSKA မော်စကို စတဲ့အသင်းတွေကတော့ အနိုင်ရလဒ်ဖော်ဆောင်သွားနိုင်ခဲ့ကြပါတယ်။

လီဗာပူလ်းအသင်းဟာ အဝေးကွင်းမှာ သွားရောက်ကစားခဲ့ပြီးဟော့ဖန်ဟိမ်းအသင်းကို ၂ဂိုး ၁ဂိုးနဲ့အနိုင်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ဆဲလ်တစ်အသင်းဟာအိမ်ကွင်းမှာတိုက်စစ်အားပြသခဲ့ပြီး အက်စတန်နာအသင်းကို ၅ ဂိုး ၀ ဂိုးနဲ့ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။CSKA မော်စကိုအသင်းကတော့ အဝေးကွင်းမှာသွားရောက်ကစားခဲ့ပြီး နောက်ကျအနိုင်ဂိုးနဲ့အတူ ယန်းဘွိုင်းအသင်းကိုအနိုင်ရရှိခဲ့ပါတယ်။

နာပိုလီအသင်းကတော့ နိုက်အသင်းကို အိမ်ကွင်းမှာလက်ခံကစားခဲ့ပြီး ၂ ဂိုး ၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ဆီဗီလာအသင်းဟာ အဝေးကွင်းမှာ အစ်စတန်ဘူ အသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့ရပြီး ၂ ဂိုး ၁ ဂိုး ရလဒ်နဲ့ အနိုင်ရယူနိုင်ခဲ့ပါတယ်။ချန်ပီယံလိဂ်play off ပထမအကျော့ ပွဲတွေကတော့ အသင်းကြီးအများစု မျှော်မှန်း ထားကြသလိုရလဒ်တွေကောင်းမွန်ခဲ့ပါတယ်။ဒုတိယအကျော့မှာ ဘယ်အသင်းတွေက ပြန်လာနိုင်မလဲ ၊ ဘယ်အသင်းတွေကထပ်နိုင်ပြီး နောက်တစ်ဆင့်တတ်သွားမလဲဆိုတာစောင့်ကြည့်ကြရအောင်ဗျာ။

Source - Champion league

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။