စပိန်super cup ပြိုင်ပွဲ ဒုကျော့ကို ဘာနေဗျူးကွင်းမှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်းက ၂ ဂိုး ၀ ဂိုးဖြင့် အနိုင်ရယူသွားခဲ့ပါတယ်။ဘာစီလိုနာအသင်းဟာ ပကျော့မှာ ၃ ဂိုး ၁ ဂိုးနဲ့ ရံှူးနိမ့်ထားခဲ့တာဖြစ်တာကြောင့် နှစ်ကျော့ပေါင်းရလဒ်ဖြစ်တဲ့ ၅ ဂိုး  ၁ဂိုးနဲ့ ရီးရဲလ်မက်ဒရစ်အသင်းက စပိန် super cup ကို ရယူသွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ စီရော်နယ်ဒို ပွဲပယ်ပြစ်ဒဏ်ကြောင့်မပါဝင်နိုင်ခဲ့တာကြောင့် အဆန်စီရိုကို ပွဲထုတ်ကစားခဲ့တာဖြစ်ပြီး ဂါရတ်ဘေးကိုလည်း အနားပေးခဲ့ပြီး ဗက်ကွက် ကို နေရာပေးခဲ့ပါတယ်။အစ္စကို ကို လည်းအနားပေးခဲ့ပြီး ကိုဗာဆစ်ကို ထည့်သွင်းကစားခဲ့တာကိုလည်းတွေ့ရပါတယ်။ဘာစီလိုနာအသင်းဟာ အင်နီရေစတာမပါဝင်နိုင်ခဲ့တာကြောင့် ဂိုမက်ကို ထည့်သွင်းအသုံးပြုခဲ့တာကိုလည်းမြင်တွေ့ရပါတယ်။

ဘာစီလိုနာရဲ့တိုက်စစ်မှူးတွေဖြစ်ကြတဲ့ ဆွာရက် ၊မက်ဆီ တို့နဲ့ ပွဲထွက်ခဲ့ပြီး အလယ်တန်းမှာ ဘက်စကွက်နဲ့ ရာကီတစ်တို့ကို ထားကား ရီးရဲလ်မက်ဒရစ်အသင်းကို ယှဉ်ပြိုင်ဖို့ပွဲထွက်ခဲ့ပါတယ်။ ပွဲစလို့ ၄ မိနစ်မှာပဲ အဆန်စီရိုက ရီးရဲလ်မက်ဒရစ် အသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပြီး အနိုင်သေချာမဲ့ နောက်ထပ်တစ်ဂိုးကိုတော့ ၃၉ မိနစ်မှာ ဘန်ဇီမာက သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ဒါ့ကြောင့် နှစ်ကျော့ပေါင်း ၅ ဂိုး ၁ဂိုးနဲ့ ရီးရဲလ်မက်ဒရစ် အသင်းက စပိန် super cup ကို အနိုင်ရဗိုလ်ဆွဲသွားခဲ့ပြီလည်းဖြစ်ပါတယ်

Source - Super Cup

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။