အင်္ဂလန် ပရီးမီးယားလိဂ် ဆိုတာ ဘောလုံးလိဂ်တွေထဲမှာ အလွန်ကို နာမည်ကြီးလှပါတယ်။ ပရီးမီးယားလိဂ်က ဘောလုံးသမားတွေကလည်း နာမည်ကြီး ကစားသမားတွေပါ။ သို့သော် လက်ရှိ ပရီးမီးယားလိဂ်မှာ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးထားတဲ့ ကစားသမားအရေအတွက် နည်းလွန်းပါတယ်။ ပရီးမီးယားလိဂ်မှာ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးထားတဲ့ ကစားသမားအရေအတွက်က ၂၁ယောက်သာ ရှိပါတယ်။ ရီးရဲမက်ဒရစ်နှင့်ဘာစီလိုနာ ၂သင်းစာလောက်တောင် ပရီးမီးယားလိဂ်ကလပ်တွေမှာ ချန်ပီယံလိဂ်ဖလားရရှိထားသူ မရှိပါဘူး။

အလက်ဆစ်ဆန်းချက်တို့ ပေါ့ဘာ၊ အိုဇေး၊ ကော်တင်ဟို၊အီဒင်ဟာဇက်တို့လို့ ကစားသမားတွေတောင် ချန်ပီယံလိဂ်ဖလား မရရှိဖူးပါဘူး။ ဒီထက်ပို အံ့အားသင့်စရာက ပရီးမီးယားလိဂ်အသင်းတွေအနက် ချန်ပီယံလိဂ်ဖလားရရှိထားသူအများဆုံး ပိုင်ဆိုင်ထားတဲ့ကလပ် ဖြစ်ပါတယ်။ ချယ်ဆီး၊ မန်ချက်စတာယူနိုင်တက်၊ လီဗာပူးတို့လို ချန်ပီယံလိဂ်ဖလား ရရှိထားတဲ့ အသင်းတွေတောင် ချန်ပီယံလိဂ်ဖလားရရှိထားသူအများဆုံး မရှိတာပါ။ ချယ်ဆီးက ချန်ပီယံလိဂ်ဖလားရရှိထားသူ၄ယောက်၊ မန်ချက်စတာယူနိုင်တက်က ၂ယောက် နှင့် လီဗာပူးက တစ်ယောက်သာရှိတာပါ။

လက်ရှိပရီးမီးယားလိဂ်အသင်းတွေအနက် ချန်ပီယံလိဂ်ဖလားရရှိထားသူအများဆုံး ပိုင်ဆိုင်ထားတဲ့ကလပ်ကတော့ စတုတ်စီးတီးဖြစ်ပါတယ်။ ရီးရဲမက်ဒရစ် တိုက်စစ်မှုးဟောင်း ဟယ်ဆေ ရိုဒရီဂွက် ကို ခေါ်ယူအပြီးမှာတော့ စတုတ်စီးတီး အသင်းဟာ ပရီးမီးယားလိဂ် အသင်းတွေ အနက် ချန် ပီယံလိဂ် ဖလားကိုင်မြောက် ဖူးတဲ့ ကစားသမားအများဆုံး ရှိနေတဲ့ အသင်းဖြစ် လာခဲ့ပါတယ် ။စတုတ်စီးတီးအသင်းမှာ ဟယ်ဆေး ရိုဒရီဂွက် ၊ ဘိုယန် ကာကစ် ၊ ရှာကီရီ ၊ အဖယ်လေ နဲ့ ဖလက်ချာ တို့ ဟာ ရီးရဲ ၊ ဘိုင်ယန် ၊ ဘာကာ ၊ မန်ချက်စတာယူနိုက်တက် အသင်းတွေ နဲ့ ချန် ပီယံလိဂ် ဖလားကို ကိုင် မြောက် ထားခဲ့ဖူးပါတယ်။ ချန်ပီယံလိဂ်ရရှိထားတဲ့ကစားသမားများစာရင်း -

စတုတ်စီးတီး - ရိုဒရီဂွက်၊ ကာကစ်၊ အဖယ်လေ၊ ရှာကီရီ ၊ ဖလက် ချာ

ချဲလ်ဆီး - ဒေးဗစ်လုဇ် ၊ ကာဟေး ၊ ပက် ဒရို ၊ မိုရာတာ

မန်ချက်စတာ စီးတီး - ဒါနီလို ၊ ဘရာဗို ၊ ယာယာတိုရေး

မန်ချက်စတာ ယူနို်က်တက် - ကာရစ် ၊ မာတာ

အဲဗာတန် - ရွန်းနီ ၊ ဆန်ဒရို

ဆောက်သမ်တန် - ဘာထရန် ၊ ရိုမီရို

အာဆင်နယ် - ပီတာဆက်ချ်

လီဗာပူး - စတာရစ်

၀က်စ်ဟမ်း - အနော်တိုဗစ်

Hein

သတင်းအရင်းမြစ် Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။