အင်္ဂလန် ပရီးမီးယားလိဂ် ဆိုတာ ဘောလုံးလိဂ်တွေထဲမှာ အလွန်ကို နာမည်ကြီးလှပါတယ်။ ပရီးမီးယားလိဂ်က ဘောလုံးသမားတွေကလည်း နာမည်ကြီး ကစားသမားတွေပါ။ ဒါ့အပြင် အားကစားဆိုသည့်အတိုင်း ရန်ပွဲတွေကလည်း ပါလာတာတတ်ပါတယ်။ အနိုင်မခံ အရှုံးမပေး ကစားကြတဲ့အခါ ရန်ဖြစ်တာက မဆန်းပါဘူး။

ဘောလုံးအားကစားသမားတွေဆိုတာကလည်း ယောကျာ်းခြင်း ဇလာထိတဲ့အခါ ရန်တုံ့ပြန်လေ့ရှိမှာပါ။ ဂျိုယေးဘာတန်တိုက ရွိုင်ကိန်းတို့ဆိုတာလည်း နာမည်ကြီး ဘောသမားလူမိုက်အချို့ပါ။ အချို့က ရန်ဖြစ်ရင် လက်သီးနဲ့ထိုး အနီကတ်ယူသွားသလို အချို့ကလည်း ဖျက်ရင်းထုတ်ရင်း အနီကတ် အဝါကတ်တွေပလူပျံအောင် ရကြပါတယ်။ ဒီယေဂီုကော်စတာလို ဆွာရက်စ်တို့လို့ သူများကို လိုက်စရင်း ကတ်ပြခံရအောင်လုပ်တဲ့ ကစားသမားတွေလဲရှိပါတယ်။ 

ယခုအခါမှာတော့ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ကတ်အများဆုံးပြခံရသူများကို တင်ပြပေးမှာပါ။ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ကတ်အများဆုံးပြခံရသူကတော့ အဲဗာတန်ကစားသမားဟောင်း လက်ရှိ ၀က်ဘရွန်းစ်ကွင်းလယ်လူ ဘယ်ရီပဲဖြစ်ပါတယ်။ သူ့အနေဖြင့် အဝါကတ် ၁၁၉ကတ် အနီကတ် ၆ကတ်အထိ ပြစ်ဒဏ်ထိထားပါတယ်။ သူ့အနောက်မှာ လီဘိုးဝါးက အဝါကတ် ၉၉ကတ် အနီကတ် ၄ကတ်ထိထားပါတယ်။ နာမည်ကျော်တိုက််စစ်မှူး ရွန်းနီလဲ အများဆုံးကတ်ထိတဲ့သူမှာ ပါနေပါတယ်။ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ကတ်အများဆုံးပြခံရသူများအနက် ထိပ်ဆုံး၅ဦးမှာ -

ဂါရတ်ဘယ်ရိ -125ကတ် (119အဝါ/6အနီ)

လီဘိူးဝါး - 103ကတ် (99အဝါ/4အနီ)

ကီဗင်ဒေးဗီး - 101ကတ် (99အဝါ/2အနီ)

ပေါလ်စခိုး - 101ကတ် (97အဝါ/4အနီ)

ရွန်းနီ- 100ကတ်(97အဝါ/3အနီ)

Hein (Mg Lu Aye)

သတင်းအရင်းမြစ် Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။