အဲဗာတန်အသင်း၏နည်းပြ ရောနယ်ကိုးမန်းက လာမည့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့်မှန်းထားတယ်လို့ ပြောဆိုထားပါတယ်။ ဒါကြောင့် အားဖြည့်သည့်အနေဖြင့် ကစားသမားအသစ်များ ထပ်မံခေါ်ယူလျက်ရှိပါတယ်။ ဒါ့အပြင် ယခုလက်ရှိအချိန်မှာလည်း ဆွမ်ဆီး ကစားသမား ဆီဂတ်ဆန်ကို ပေါင် ၄၅သန်းဖြင့် ခေါ်ယူထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ရွန်းနီလို ကစားသမားကိုတောင် အဲဗာတန်အသင်းက ပြန်လည်ခေါ်ယူထးနိုင်ခဲ့တာပါ။

အဲဗာတန်အသင်း၏ နည်းပြ ရော်နယ်ကိုးမန်းအနေဖြင့် ယခုအပြောင်းအရွှေ့ကာလတွင် ပေါင်သန်း ၁၅၀ထိ အသုံးပြုထားပြီးပြိဖြစ်သည်။ သတင်းဆိုးအနေနဲ့ကတော့ အသင်း၏ကွင်းလယ်လူ ဘာကလေအနေဖြင့် ပွဲကစားခွင့် မရရှိနိုင်မှာကိုစိုးရိမ်ရတာပါ။ ဒါ့အပြင် ဘာကလေက အသင်းမှထွက်ခွာခွင့်လဲ တောင်းဆိုထားပါတယ်။ ယခုနွေရာသီတစ်ခုလုံး ဘာကလေကို အဲဗာတန်အသင်းအနေဖြင်ံရောင်းချဖွယ်ရှိနေတာလို့ သတင်းတွေထွက်နေတာပါ။ ဒါ့အပြင် အဲဗာတန်အသင်းနည်းပြ ရော်နယ်ကိုးမန်းက လာမည့် ယူရိုပါလိဂ် ခြေစစ်ပွဲ ကစားမည့် လူစာရင်းကို ဖော်ပြခဲ့ပါ

အဆိုပါ ယူရိုပါလိဂ်ခြေစစ်ပွဲအဖြစ် အဲဗာတန်အသင်း၏ လူစာရင်းမှာ ဘာကလေပါ၀င်လာခြင်းမရှိပါဘူး။ အဲဗာတန်မန်နေဂျာရော်နယ်ကိုးမန်းဟာယနေ့ညကခရိုအေးရှားကလပ်ဟာဂျက်စပလစ်အသင်းနဲ့ကစားရမယ့်ယူရိုပါလိဂ်ခြေစစ်ပွဲနောက်ဆုံးအဆင့်ပထမအကျော့ပွဲစဉ်မှာကွင်းလယ်လူရို့စ်ဘာကလေကိုချန်လှပ်ထားခဲ့ပါတယ်။ ရော်နယ်ကိုမန်းကတော့ "ဘာကလေဟာပြီးခဲ့တဲ့တနင်္လာနေ့ကအသင်းနဲ့လေ့ကျင့်ရေးပြုလုပ်မှုကိုရပ်နားခဲ့ပါတယ်။ သူဒူးကောက်ကြောဒဏ်ရာရရှိခဲ့တယ်ထင်ပါတယ်။ ကျွန်တော်တို့သူ့ဒဏ်ရာကိုစမ်းသပ်မှုတွေထပ်ပြုလုပ်သွားပြီးဒဏ်ရာအခြေအနေအတိအကျကိုထုတ်ပြန်သွားမှာပါ။" လို့ပြောခဲ့ပါတယ်။ နည်းပြကိုးမန်းကတော့ဘာကလေရဲ့အခြေအနေကိုယခုလကုန်ထိစောင့်ကြည့်သွားမယ်လို့အတည်ပြုထားပြီးအဲဒီမတိုင်မီထိအဲဗာတန်အတွက်အသုံးပြုသွားမှာမဟုတ်ဘူးလို့ပြောထားခဲ့ပါတယ်။

Hein 

သတင်းအရင်းမြစ် Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။