ခေါင်းစဉ်ကြားလိုက်တာနဲ့စိတ်ထဲတစ်မျိုးဖြစ်သွားမယ်ထင်ပါတယ်။ဘီယာကြိုက်သူတွေအတွက်တော့ ဒီသတင်းဟာ ရွှေသတင်းတစ်ခုဖြစ်သွားနိုင်ပါတယ်။ဘဝရဲ့နတ်ဘုံကို ဘီယာချစ်သူတွေရောက်ရှိသွားသလို ခံစားရမှာပါ။သာယာလှပတဲ့ တောင်ကုန်းတောင်တန်းများနဲ့ ပတ်ဝန်းကျင်ရူ့ခင်းတွေကို ခံစားရင်းထူးခြားတဲ့ ဘီယာကန်လေးကို သွားရောက်အပန်းဖြေဖို့ ဖော်ပြလိုက်ရပါတယ်။

သြစတြီးယား (Austria) နိုင်ငံမှာ “Starkenberger’s Castle” လို့ အမည်ပေးထားတဲ့ ရဲတိုက်မှာ ဖွင့်လှစ်ထားတဲ့ ဘီယာကန်တွေ အကြောင်းပဲ ဖြစ်ပါတယ်။ ရဲတိုက်ရဲ့ မြေအောက်ခန်းမှာ အနက် ၄ မီတာ (၁၃ ပေ) ရှိတဲ့ ရေကူးကန်တွေ ရှိပြီး တကန်ချင်းစီမှာ ဘီယာ ၄၂,၀၀၀ ပိုင့် (၅၂၅၀ ဂါလံ) ကို အပူပေးပြီး ဖြည့်ထားတာပါ။

အဲဒီ ဘီယာကန် ဝန်ဆောင်မူ လုပ်ငန်းကို ၂၀၀၅ ခုနှစ်မှာ စတင်ဖွင့်လှစ် ခဲ့တာပါ။ ရေပူရေနွေးစိမ်ရင်း အပန်းဖြေတတ် သူများ အတွက် ဘီယာ ရေနွေးကန်မှာ စိမ်တာဟာ ထူးခြားတဲ့ ခံစားမှုကို ပေးစွမ်းနိုင်မှာပါ။ ဘီယာကန်မှာ ဘီယာစိမ်ခြင်း အားဖြင့် အရေပြားမှာ ဖြစ်နေတဲ့ ထိခိုက်ဒဏ်ရာများ သက်သာပျောက်ကင်း စေသလို အဖုအပိမ့် ထွက်တာကိုလည်း ကာကွယ်ပေးပါတယ်။ ပြီးတော့ အသားအရေ အတွက် လိုအပ်တဲ့ အာဟာရတွေလည်း ပေးစွမ်းနိုင်တယ်လို့ ဆိုပါတယ်။ဘီယာကန်မှာ ဘီယာစိမ်လိုသူများ အနေနဲ့ ကတော့ တကန်လုံး သီးသန့် အသုံးပြုလိုသူများ အတွက် တကန်ကို အမေရိကန် ဒေါ်လာ ၃၀၀ (ကျပ် ၃ သိန်းခန့်) ကျသင့်မှာ ဖြစ်ပြီး သာမန် တယောက်ချင်း အတွက်ကိုတော့ အမေရိကန်ဒေါ်လာ ၆ ဒသမ ၅၀ (ကျပ် ၈ သောင်း ခွဲခန့်) ကျသင့်မှာ ဖြစ်ပါတယ်။ ဘီယာကန် တကန်မှာ လူ ၄ ယောက်တပြိုင်နက် စိမ်နိုင် ပါတယ်။

သတင်းအရင်းမြစ် ဧရာ၀တီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။