ဖီနာဘာချီအသင်းဟာ သူတို့ရဲ့ကစားသမားဟောင်း လူးဝစ်နာနီ ကို ဗလင်စီယာအသင်းကနေအငှားနဲ့ခေါ်ယူဖို့မျော်လင့်နေတာလည်းဖြစ်ပါတယ်။ဗလင်စီယာအသင်းရဲ့တောင်ပံကစားသမား လူးဝစ်နာနီဟာ ပြီးခဲ့တဲ့ရာသီကမှ ဖီနာဘာချီအသင်းကနေ ပြောင်းလာခဲ့တာလည်းဖြစ်ပါတယ်။ဖီနာဘာချီအသင်းဟာ အသင်းရဲ့လိုအပ်နေတဲ့ တောင်ပံကစားသမားနေရာမှာ လူးဝစ်နာနီကို ပြန်လည်ခေါ်ယူလိုနေတာဖြစ်ပြီး အသင်းပရိတ်သတ်တွေကလည်း နာနီကို ပြန်လာဖို့ တောင်းဆိုနေခဲ့တာလည်းဖြစ်ပါတယ်။

လူးဝစ်နာနီဟာ ဖီနာဘာချီအသင်းကနေ ၂၀၁၆ ခုနှစ်မှာ ပေါင် ၇ သန်းနဲ့ ဗလင်စီယာအသင်းကိုပြောင်းရွှေ့လာခဲ့တာလည်းဖြစ်ပါတယ်။ဗလင်စီယာအသင်းမှာ ၂၆ ပွဲကစားထားပြီး ၅ ဂိုးသွင်းယူထားကာ ၈ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ဖီနာဘာချီအသင်းဟာ ဗလင်စီယာအသင်းမှာ ခြေစွမ်းပြနေတဲ့ နာနီကို ပြန်လည်ခေါ်ယူလိုနေတာဖြစ်ပြီး ဗန်ပါစီ ၊ ဆိုဒါဒို တို့နဲ့တွဲဖက်ကစားလိုနေတာလည်းဖြစ်ပါတယ်။ဖီနာဘာချီအသင်းဟာ ယခုနှစ်ရာသီအပြောင်းအရွှေ့မှာ ဆိုဒါဒို ကို ခေါ်ယူအားဖြည့်ထားတာလည်းဖြစ်ပါတယ်။

ဖီနာဘာချီအသင်းဟာ လူးဝစ်နာနီကို ၂၀၁၅ ခုနှစ်က မန်ယူအသင်းကနေ ပေါင် ၅ သန်းနဲ့ ခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။နာနီဟာ မန်ယူအသင်းနဲ့ ပွဲပေါင်း ၂၃၀ ကစားပေးခဲ့ပြီး ဂိုး ၄၀ သွင်းယူနိုင်ခဲ့ကာ ၇၃ ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။နာနီဟာ မန်ယူအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် ရရှိထားခဲ့တဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။နာနီဟာ ဖီနာဘာချီအသင်းအတွက် ၄၇ ပွဲကစားပေးခဲ့ပြီး ၁၂ ဂိုးသွင်းယူခဲ့ကာ ၁၃ ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်

SOURCE - FOOTBALL TRANSFER NEWS

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။