စပိန်လာလီဂါ တိုက်စစ်မှူး စီရော်နယ်ဒိုအနေဖြင့် စပိန်စူပါဖလား ပထမအကျော့ပွဲစဉ်မှာ ခြေစွမး်ပြနိုင်ခဲ့သည်။ ရီးရဲမက်ဒရစ်အနေဖြင့် အဆိုပါ စပိန်စူပါဖလားဗိုလ်လုပွဲ ၂ကျော့အဖြစ် ဘာစီလိုနာဖြင့် ရင်ဆိုင် ခဲ့ရတာပါ။ ရီးရဲမက်ဒရစ်အနေဖြင့် ဘာစီလိုနာနှင့် စပိန်စူပါဖလားဗိုလ်လုပွဲ ပထမအကျော့မှာ ၃-၁ဂိုးဖြင့်နိုင်ခဲ့တာပါ။ ရီးရဲမက်ဒရစ်အသင်း၏ ဂိုးများကို ဘာစီလိုနာနောက်ခံလူ ပီကေးကOG၊ စီရော်နယ်ဒိုနှင့် အဆန်စီရိုတို့က သွင်းယူပေးခဲ့တာပါ

သို့သော် အဆိုပါ ပွဲစဉ်တွင် လူစားဝင်လာသော တိုက်စစ်မှူး ရော်နယ်ဒိုအနေဖြင့် ၂၀ါ၁နီဖြင့် ပြိုင်ပွဲမှာ ထုတ်ခံခဲ့ရသည်။ တိုက်စစ်မှူး စီရော်နယ်ဒိုသည် အဆိုပါ ပွဲစဉ်တွင် ဂိုးသွင်းယူပြီးတဲ့နောက်မှ အကျင်္ီချွတ်ကာ အောင်ပွဲခံခဲ့သည်။ ထိုကဲ့သို့ အကျင်္ီချွတ်ခဲ့ခြင်းအတွက် စီရော်နယ်ဒိုသည် အဝါကတ်ပြခံခဲ့ရသည်။ အဝါကတ်ပြခံရပြီ မကြာမီမှာပင် စီရော်နယ်ဒိုသည် ဘာစီလိုနာ၏ ပင်နယ်တီ ဧရီယာအတွင်း ဟန်ဆောင်လှဲချခဲ့သည်ဟု ဆိုတာ ဒိုင်က နောက်ထပ် ၁၀ါပြကာ ၂၀ါ၁နီဖြင့် ရော်နယ်ဒိိုကို ထုတ်ပယ်ခဲ့သည်။ 

ထို့ကဲ့သို့ ထုတ်ခံရခြင်းကို ရီးရဲတိုက်စစ်မှူး ရော်နယ်ဒိုအနေဖြင့် မကျေနပ်ခဲ့ပေ။ ရော်နယ်ဒိုအနေဖြင့် စိတ်ပေါက်ကွဲကာ ဒိုင်ကို လက်ဖြင့် တွန်းခဲ့သလိုဖြစ်ခဲ့သည်။ ရော်နယ်ဒိုအနေဖြင့် ဒို်င်ကို တွန်းခဲ့သည့်အတွက် စပိန်လာလီဂါအဖွဲ့ချုပ်က ၅ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ဒါ့အပြင် စီရော်နယ်ဒိုကိုလည်း အယူခံခွင့်ပေးခဲ့သည်။ ရီးရဲမက်ဒရစ်အသင်း၏တိုက်စစ်မှူး ရော်နယ်ဒိုအနေဖြင့် အယူခံဝင်ခဲ့သော်လည်း စပိန်လာလီဂါ အဖွဲ့ချုပ်က ၅ပွဲပယ်ပြစ်ဒဏ်သာ ချမှတ်ခဲ့သည်။ သို့သော် ရီးရဲမက်ဒရစ်က ဘာစီလိုနာကို နှစ်ကျော့ပေါင်း ၅-၁ဂိုးဖြင့် အနိုင်ယူကာ စပိန်စူပါဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။ စီရော်နယ်ဒို အတွက် ဖြေသိမ့်စရာတစ်ခုလိုပင် ဆိုရမည်။

Hein (Mg Lu Aye)

သတင်းအရင်းမြစ် Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။