ချဲလ်ဆီးအသင်းရဲ့ ပိုင်ရှင်ဖြစ်သူ အေဗရာမိုဗစ်က နောက်ထပ်ကစားသမားအသစ်တွေထပ်ပြီးဝယ်ယူဖို့ ပေါင် သန်း ၁၅၀ သုံးစွဲခွင့်ပြုထားခဲ့ပြီဖြစ်ပါတယ်။အေဗရာမိုဗစ်က နောက်ထက်ကစားသမားသစ်တွေ ချဲလ်ဆီးအသင်းကိုရောက်လာဖို့အတွက် အပြောင်းအရွှေ့ရာသီ ပိတ်တဲ့အချိန်ထိ ကြိုးစားသွားမှာဖြစ်တယ်လို့လဲ သိရပါတယ်။ချဲလ်ဆီးအသင်းဟာ ယခုအချိန် မှာ ကစားသမားသုံးယောက်ကို ပေါင် သန်း ၁၃၀ အသုံးပြုပြီး ခေါ်ယူသွားဖို့ ကြိုးစားနေလျက်ရှိနေတာလည်းဖြစ်ပါတယ်။ 

ချဲလ်ဆီးအသင်းရဲ့ပစ်မှတ်ဖြစ်လာခဲ့တဲ့ ကစားသမား သုံးယောက် ကတော့ ဒရင့်ဝါးတား ၊ ချန်ဘာလိန်၊ ဗန်ဒိုက် တို့ပဲဖြစ်ပါတယ်။ချဲလ်ဆီးအသင်းဟာ အာဆင်နယ်အသင်းရဲ့တောင်ပံကစားသမား ချန်ဘာလိန်ကို ပေါင်သန်း ၄၀ နဲ့ခေါ်ယူရန် ချိန်ရွယ်နေပြီး လက်စတာအသင်းရဲ့ကွင်းလယ်ကစားသမား ဒရင့်ဝါးတား ကိုလည်း ပေါင်သန်း ၄၀ နဲ့ ခေါ်ယူလိုနေတာဖြစ်ပါတယ်။နောက်ပြီး ဆောက်သမ်တန် နောက်ခံလူ ဗန်ဒိုက် ကိုခေါ်ယူဖို့ ပေါင် သန်း ၅၀ သုံးစွဲသွားမှာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းနည်းပြ ကွန်တီဟာ ထိုကစားသမား သုံးယောက်လုံးကို ပေါင် သန်း ၁၃၀ နဲ့ခေါ်ယူရန် အလိုရှိနေပြီး စတန့်ဖို့ဘရစ်ကို အရောက်ခေါ်ဖို့ ဆန္ဒရှိနေတာလည်းဖြစ်ပါတယ်။ဆောက်သမ်တန် အသင်းဟာ ဗန်ဒိုက်အတွက် ပေါင် သန်း ၆၀ အလိုရှိနေတာဖြစ်ပြီး အာဆင်နယ်အသင်းကလည်း ချန်ဘာလိန်အတွက် ပေါင်သန်း ၄၀ အထက် ပိုလိုချင်နေတာလည်းဖြစ်ပါတယ်။လက်စတာအသင်းကတော့ ဒရင့်ဝါးတားအတွက် ပေါင် သန်း ၄၀ ကို လက်ခံသွားဖွယ်ရှိနေတယ်လို့ သတင်းများကဆိုခဲ့ပါတယ်။

source - football transfer news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။