အာဆင်နယ်တိုက်စစ်မှူးဆန်းချက်အနေုဖြင့် အပြောင်းအရွှေ့စျေးကွက်တွင် နာမည်ကြီးလျက်ရှိနေသည်။ သတင်းများအရ အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်း၏ ချီလီတိုက်စစ်မှူး ဆန်းချက်ကို လိဂ်ပြိုင်ဘက် မန်ချက်စတာစီးတီးမှကမ်းလှမ်းခဲ့သည်။မန်ချက်စတာစီးတီးက ပေါင်၄၅သန်းဖြင့် ဆန်းချက်ကို ကိုကမ်းလှမ်းခဲ့တာပါ။ ဒါ့အပြင် မန်ချက်စတာစီးတီးအဖြေင့် ဆန်းချက်ကို တစ်ပတ်လုပ်ခ ၃သိန်း၂သောင်းပေးရန်ပါ အသင့်ရှိနေသည်။

အာဆင်နယ်အသင်း၏တိုက်စစ်မှူး အလက်ဆစ်ဆန်းချက်သည် ချန်ပီယံလိဂ်ကစားလိုချင်သည်ဟု ပြောကြားဖူးထားသည်။ ဒါ့ပြင်အာဆင်နယ်အသင်းနှင့် လစာကိစ္စအဆင်မပြေကာ အာဆင်နယ်အသင်းမှထွက်ခွာလိုနေသည့် ကစားသမားဖြစ်သည်။ ထို့ကြောင်ံ အာဆင်နယ်အသင်း၏တိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ကို ဆရာဟောင်း ဂွာဒီယိုလာ၏ အခြား အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာစီးတီးမှ ဆန်းချက်၏အခြေအနေကိုစောင်ကြည့်နေခဲ့တာဖြစ်သည်။ ထို့ကြောင့် ယခုကဲ့သို့ ပေါင်၄၅သန်းဖြင့် ကမ်းလှမ်းရန်ပြင်နေခြင်းဖြစ်သည်။ 

သို့သော် အာဆင်နယ်အသင်း၏နည်းပြ အာစင်ဝင်းဂါး အနေဖြင့် ဆန်းချက်ကို လက်လွှတ်ရန် ဆန္ဒမရှိပေ။ ဒါ့ကြောင့် အာဆင်နယ်အသင်း၏နည်းပြ အာစင်ဝင်းဂါးသည် မန်ချက်စတာစီးတီး၏ ပေါင်၄၅သန်းဖြင့် ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း သိရှိရသည်။ လက်ရှိအချိန်တွင် တိုက်စစ်မှူး ဆန်းချက်အနေဖြင့် ဒဏ်ရာကြောင့် မကစားနိုင်သေးပေ။ အကယ်၍ အာဆင်နယ်အနေဖြင့် လကိရှိအချိန်တွင် ဆန်းချက်ကို မရောင်းချပါက လာမည့်ရာသီတွင် အလွှတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရမည် ဖြစ်သည်။

Hein (Mg Lu Aye)

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။