ပြင်သစ်လီဂူးကလပ် ပီအကစ်ဂျီကတော့ စပိန်လာလီဂါကလပ် ဘာစီလိုနာကို လူမှုကွန်ယက်မှာ လှောင်ပြောင်ခဲ့ပါတယ်။ စပိန်လာလီဂါကလပ် ဘာစီလိုနာအနေဖြင့် ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ စပိန်စူပါဖလားပွဲစဉ်များကို ကစားခဲ့ရပါတယ်။ စပိန်လာလီဂါကလပ် ဘာစီလိုနာက ခါးသီးပြိုင်ဘက် ရီးရဲမက်ဒရစ်နှင့် ကစားခဲ့ရခြင်းဖြစ်ပါတယ်။ ကံမကောင်း အကြောင်းမလှစွာနဲ့ဘဲ ဘာစီလိုနာအနေဖြင့် ရီးရဲမက်ဒရစ်ကို ရှုံးနိမ်ခဲ့ရပါတယ်။

ဘာစီလိုနာအသင်းအနေဖြင့် ပထမအကျော့အဖြစ် အိမ်ကွင်းမှာ ရီးရဲမက်ဒရစ်ကို ၃-၁ဂိုးရလဒ်ဖြင့် ရှုံးခဲ့တာပါ။ ရီးရဲမက်ဒရစ် အတွက် ဂီုးများကို အဆန်စီရို၊ရော်နယ်ဒိုနှင့် ဘာစီလိုနာအသင်းသား ပီကေးက OG အဖြစ်သွင်းမိခဲ့တာပါ။ ဘာစီလိုနာအသင်းရရှိခဲ့တဲ့ ဂိုးကတော့ ပင်နယ်တီကနေ မက်ဆီကသွင်းယူပေးခဲ့တာပါ။ ပိုပြီး အရှက်ရဖွယ်ကောင်းတာကတော့ ၁၀ယောက်ကျန် ရီးရဲမက်ဒရစ်ကို အနိုင်မကစားနိုင်တဲ့အပြင် နောက်ထပ်တစ်ဂိုး ခွင့်ပြုခဲ့ရတာပါ။ 

ဘာစီလိုနာအနေနဲ့ ဒုတိယအကျော့မှာလည်း ရော်နယ်ဒို မပါ၀င်တဲ့ ရီးရဲမက်ဒရစ်ကို ၂-၀ရလဒ်ဖြင့် ထပ်မံရှုံးနိမ့်ခဲ့ပါတယ်။ ဘာစီလိုနာတိုက်စစ်မှူးတွေဖြစ်တဲ့ မက်ဆီနှင့် ဆွာရက်စ်တို့က ၂ပွဲစလုံး ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ ဒါကြောင့် ဘာစီလိုနာကစားသမားဟောင်း လက်ရှိ ပီအက်စ်ဂျီကစားသမား နေမာ၏ အသင်း ပီအက်စ်ဂျီက လှောင်ခဲ့တာပါ။ နေမာမရှိတဲ့အရသာကို ဘာစီလိုနာ ခံစားနေရတာကို ဆိုလိုတဲ့ဟန်ဖြင့် လှောင်ပြောင်ခဲ့တာဖြစ်ပါတယ်။ ပြင်သစ်လီဂူးကလပ် ပီအကစ်ဂျီအသင်းသည် နေမာကို ဘာစီလိုနာမှ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၂၂၂သန်းဖြင့် ယခုနှစ်နွေရာသီကမှ ခေါ်ယူထားခဲ့ခြင်းဖြစ်သည်။

Hein (Mg Lu Aye) 

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။