ခွေးတွေဟာ လူတွေရဲ့အကောင်းဆုံးမိတ်ဆွေလို့ ပြောတတ်ကြပေမယ့် တကယ်တမ်းသူတို့လိုအပ်တဲ့အချိန်မှာ လူတွေက ထင်သလောက်ဂရုမစိုက်ပေးနိုင်ကြပါဘူး။ သူတို့ကသာ လူတွေအတွက် အသက်တောင်ပေးနိုင်ပေမယ့် အတ္တကြီးတဲ့လူတွေကတော့ ကိုယ့်အတွက်သာကိုယ် ကြည့်တတ်ကြပါတယ်။ 

Gilbertလို့ခေါ်တဲ့ ဒီခွေးလေးရဲ့ဗိုက်မှာ ၁၂ပေါင်အလေးချိန်ရှိတဲ့ အကြိတ်ကြီးတစ်လုံးဖြစ်ပေါ်နေပြီး သခင်ဖြစ်သူက ခွေးလေးရဲ့ ကျန်းမာရေးကြောင့် ခွေးလေးကို လျစ်လျူရှူထားခဲ့တာပါ။အကြိတ်ကြီးကြောင့် ခွေးလေးဟာ မတ်တပ်ရပ်ပြီး လမ်းလျှောက်ဖို့အနိုင်နိုင် တစ်ချိန်လုံး လှဲနေရပါတယ်။ 

သခင်ဖြစ်သူရဲ့ဂရုမစိုက်မှုကြောင့် အစွန့်ပစ်ခံထားရတဲ့ Gilbertရဲ့သတင်းကို တိရစ္ဆာန်​ကယ်ဆယ်ရေးအဖွဲ့ဖြစ်တဲ့ Tickled Pink Weimaraner Rescue (TPWR) က ကြားပြီးတဲ့အချိန်မှာ Gilbertကို လာရောက်ခေါ်ဆောင်သွားပြီး ဆေးရုံကိုပို့ကာ အကျိတ်ကို ခွဲထုတ်ပေးခဲ့ပါတယ်။

အခုဆို Gilbertလေးဟာ တခြားခွေးတွေနဲ့နည်းတူ လမ်းလြဲပန်လျှောက်နိုင်ပြီဖြစ်ပါတယ်။ အကယ်၍သင်ဟာ အိမ်မွေးတိရစ္ဆာန် တစ်ကောင်ကောင်မွေးထားသူဖြစ်မယ်ဆိုရင် သူတို့မှာ အားကိုးစရာ၊ အားထားစရာ သခင်ရယ်လို့ သတ်မှတ်ထားသူဟာ သင်ပဲရှိတာပါ။ တိရစ္ဆာန်​တွေကို ချစ်မြတ်နိုးပြီး တာဝန်ယူတတ်စေဖို့ တိုက်တွန်းလိုက်ရပါတယ်။

Source : bizaree.zapfeed

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။