အာဆင်နယ်အသင်းရဲ့နောက်တန်းကစားသမား ဂါဘရီရယ်ကို ဗလင်စီယာအသင်းက ပေါင် ၁၀ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့သတင်းများကဆိုခဲ့ပါတယ်။အာဆင်နယ် အသင်းမှာနေရာမရဖြစ်နေတဲ့ ဂါဘရီရယ်ကို နည်းပြ အာစင်ဝင်းဂါးက ရောင်းထုတ်ဖို့ ဆန္ဒရှိနေခဲ့တာလည်းဖြစ်ပါတယ်။အာစင်ဝင်းဂါးဟာ မူစတာဖီ ၊ ကိုလာစီနက်တို့ကို နောက်တန်းမှာအားဖြည့်ထားခဲ့တာကြောင့် အသင်းမှာနေရာမရဖြစ်နေတဲ့ ဂါဘရီရယ် ကို ရောင်းချဖို့ သဘောတူညီခဲ့တာလည်းဖြစ်ပါတယ်။

ဂါဘရီရယ်ဟာ ၂၀၁၄ ခုနှစ်က ဗီလာရီးရဲလ်အသင်းကနေ ယူရို ၁၅ သန်းနဲ့ အာဆင်နယ်အသင်းကိုရောက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်။ဂါဘရီရယ်ဟာ လာလီဂါ အတွေ့အကြုံ ရှိနေခဲ့တာကြောင့် ဗလင်စီယာအသင်းက ခေါ်ယူရန် စိတ်ဝင်စားခဲ့တာလည်းဖြစ်ပါတယ်။အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ ဂါဘရီရယ်ဟာ အာဆင်နယ်အသင်းနဲ့ အတူ FA ဖလား နှစ်လုံး ရယူထားနိုင်ခဲ့တဲ့ ကစားသမား တစ်ယောက်လည်းဖြစ်ပါတယ်။ဒါ့အပြင် ကွန်မြူနတီးဒိုင်းတစ်ခု လည်းရရှိထားခဲ့တာလည်းဖြစ်ပါတယ်။ 

ဂါဘရီရယ်ဟာ အာဆင်နယ်အသင်းနဲ့အတူ ပွဲပေါင်း ၆၄ ပွဲကစားခွင့်ရရှိထားခဲ့တာဖြစ်ပြီး ၁ ဂိုးသွင်းယူထားကာ ၁ ဂိုးဖန်းတီးပေးထားနိုင်ခဲ့တဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးကတော့ အသင်းမှာ နောက်ခံလူတွေဖြစ်ကြတဲ့ ကိုစီယယ်နီ ၊ မူစတာဖီ ။ ဟိုလ်းဒင်း ၊ မာတီစကာ တို့ရှိနေခဲ့တာကြောင့် နောက်ထပ် နောက်တန်းကစားသမား တစ်ယောက်ကို ခေါ်ယူသွားမလား၊ ဒီလူတွေနဲ့ပဲ ရှေ့ဆက် သွားမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာလည်းဖြစ်တယ်ဗျာ။

SOURCE - MIRROR

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။