Black Coffee လို့ကြားလိုက်တာနဲ့ အချိုအစိမ့်မပါ နို့မပါပဲ အရသာဖန်ခါးခါး ရှိတဲ့ ကော်ဖီတစ်ခွက်လို့ ပြေးမြင်မိလိုက်မှာပါ။ ဘလက်ကော်ဖီ ကို နိုင်ငံတကာမှာ နှစ်ခြိုက်စွာ သောက်သုံးနေတဲ့သူတွေရှိပေမယ့် အာရှဘက်ကလူတော်တော်များကတော့ နို့ဆီလေး ထည့်ပြီးသောက်လိုက်ရမှ နှစ်သက်ကြတာများပါတယ်။

ဘလက်ကော်ဖီမကြိုက်တဲ့သူတွေရော ကြိုက်လို့အမြဲတမ်းသောက်ဖြစ်နေတဲ့သူတွေရော မသိသေးတာလေးကတော့ သူ့ရဲ့ ကောင်းကျိုးတွေကိုပါ။

တစ်နေ့လျှင် ကော်ဖီသုံးခွက်နှင့်အထက်သောက်သူတွေဟာ ကော်ဖီတစ်နေ့တစ်ခွက်သောက် သူတွေထက် အမျိုးအစား 2 သွေးချိုဆီးချိုရောဂါဖြစ်နိုင်ခြေ 37 ရာခိုင်နှုန်းလျော့နည်းစေနိုင်ပါတ်ယ။ ဒါပေမယ့် ဆိုင်တွေမှာရောင်းချနေတဲ့ အသင့်ဖျော်ကော်ဖီမစ်ထုပ်တွေကို ၀ယ်ယူဖျော်သောက်ခြင်းဖြင့် ရောဂါကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုလိုခြင်းမဟုတ်ပါ။ 

ကော်ဖီမှုန့်စစ်စစ်ကိုကိုယ်တိုင်နှပ်သောက်မှသာ ကျန်းမာရေးအတွက်ကောင်းကျိုးပြုမှာဖြစ်ပြီး အမျိုးအစား 2 သွေးချိုဆီးချိုရောဂါဖြစ်ခြင်းမှ လျှော့ ချပေးနိုင်မှာဖြစ်ပါတယ်။ မိမိသောက်တဲ့ကော်ဖီတစ်ခွက်ဟာ ကျန်းမာရေးနဲ့ညီညွတ်နေစေဖို့ နို့်များများ၊ သကြားများများနဲ့ပြည့်နှက်နေတဲ့ ကော်ဖီအစား နှပ်ပြီးမှ ဖျော်ထားတဲ့ အချိုတွေဘာမှမထည့်ထားတဲ့ ပူပူနွေးနွေး black coffee ကိုသောက်သင့်ပါတယ်။

တကယ်လို့ black coffee ကိုသောက်နေကျမဟုတ်ဘူး၊ သင့်အနေနဲ့ ကော်ဖီအရသာခါးသက်သက်ကိုမနှစ်မြို့သူဖြစ်မယ်ဆိုရင်တော့ အခါးအရသာလေး နည်းနည်းပေါ့သွားအောင်သာ သကြားအနည်းငယ်ထည့်သောက်သင့်ပြီး နို့အပြည့် ပါတဲ့ကော်ဖီကိုသောက်နေကျဖြစ်တဲ့သူ ဆိုရင်တော့ နို့မှုန့်၊ နို့ဆီတွေထည့်သောက်မယ့်အစား အဆီထုတ်ပြီးသား နွားနို့အနည်းငယ်ကိုသာ ထည့်သောက်သင့်ပါတယ်။

သတင်းအရင်းမြစ် CMS

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။