Tiki-Takaကိုပြောင်မြောက်စွာဆော့သွားတဲ့ဗီယက်နမ်

ဗီယက်နမ်နည်းပြငုယင်ဟူသန်းရဲ့အပြောတွေကြောင့်

ကမ္ဘောဒီးယားနဲ့ပွဲကိုဂရုတစိုက်ကြည့်မိပါတယ်။

ငုယင်ဟူသန်းတစ်ယောက်အပြောနဲ့အလုပ်ညီတယ်ဆိုတာ

ပြသ သွားခဲ့ပြီးကမ္ဘောဒီးယားကိုလေးဂိုးပြတ်

အနိုင်ရယူသွားခဲ့ပါတယ်။ထိုင်းအသင်းတီကီတာကာပုံစံ

ကနေပြောင်းသွားပေမယ့်ဗီယက်နမ်ကတော့ဘာစီလိုနာ

ဆန်ဆန်ပြောင်မြောက်စွာကစားသွားခဲ့တာကိုတွေ့လိုက်ရပါတယ်။

အတိုပေး၊အမြန်ရွေ ့ပုံစံနဲ့ကစားသွားပြီး False 9နေရာမှာ

နာမည်ကြီးတိုက်စစ်မှူးငုယင်ကောင်ဖောင်ကကစားသွားခဲ့ပါတယ်။

တောင်ပံကဗန်သန်း၊ငုယင်ကောင်ဖောင်၊တိုက်စစ်မှူး

ဗန်တူရောင်းတို့ဟာတြိဂံဆန်ဆန်တိုက်စစ်ဆင်မှုတွေနဲ့

တိုက်စစ်ဆင်ထိုးဖောက်ကြတာတွေ့ရပါတယ်။

နာမည်ကြီးကွင်းလယ်လူ ရှောင်ထရောင်းကတော့

Box to Box ကစားခဲ့ပါတယ်။အမြင့်ဘောအသုံးပြုတာ

မရှိသလောက်နည်းပြီးဘောလုံးကိုမြေပြင်မှာပဲကစား

သွားတာတွေ့ရပါတယ်။

ကမ္ဘောဒီးယားဂိုးပြတ်သွားတာကကမ္ဘောဒီးယားနောက်တန်းကဗီစယ်၊

နက်တူလာတို့ဟာဗီယက်နမ်တိုက်စစ်မှူးတွေကို

နေရာလွတ်တွေအများကြီးသွားပေးမိလို့ဖြစ်ပြီးကမ္ဘောဒီးယား

နည်းပြဗစ်တာရီနိုဟာဗီယက်နမ်တိုက်စစ်လမ်းကြောင်းကိုဖြတ်တောက်ရမယ့်ကွင်းလာ်အဖျက်ကစားသမား

ထည့်သွင်း့သင့်ပါရက်နဲ့တိုက်စစ်အားသန်တဲ့ကွင်းလယ်လူ

ပိုရော့ကိုထည့်သွင်းခဲ့တာပါပဲ။ဗီယက်နမ်ဟာဒီကစားဟန်

ရဖို့နှစ်ပေါင်းများစွာတည်ဆောက်ခဲ့ပြီးအခုအချိန်မှာတော့

အကောင်းဆုံးအနေအထားတစ်ခုကိုရောက်နေပါပြီ။

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။