ဘောလုံးအဖွဲ့ချူပ် ဖီဖာကပေးအပ်တဲ့ အကောင်းဆုံးကစားသမားဆုအတွက် ဆန်ကာတင်စာရင်းကတော့ ထွက်ပေါ်လာခဲ့ပြီးလည်းဖြစ်ပါတယ်။သက်ဆိုင်ရာ ကလပ်အသီးသီးမှာ ခြေစွမ်းပြဂိုးသွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူးတွေ ပါဝင်လာခဲ့သလို၊ ကွင်းလာ် ဖန်တီးရှင်တွေ ၊ ကွင်းလယ်အဖျက် ၊နောက်တန်းကစားသမားတွေလည်း ဒီဆုကို ရရှိဖို့ မျော်လင့်လို့ရနေတာလည်းဖြစ်ပါတယ်။အောက်တိုဘာ ၂၃ ရက်မှ ချီးမြှင့်မယ့် အကောင်းဆုံးကစားသမားဆုအတွက် တစ်ယောက်သာရွေးချယ်ပြီး ဆုပေးအပ်မှာဖြစ်တာကြောင့် ဘောလုံးပရိတ်သတ်တွေကတော့ ကိုယ်ကြိုက်နှစ်သက်တဲ့ ကစားသမားတွေအတွက် ဒီဆုကို ရင်ခုန်ပေးနေမှာအသေအချာပဲလို့ထင်ပါတယ်

ဆန်ကာတင်လူစာရင်းအတွက်အကောင်းဆုကစားသမားဆုမှာပါဝင်တဲ့သူတွေကတော့ အော်ဘာမီယန် ၊ ဘိုနူချီ ၊ဘတ်ဖွန် ၊ ကာဗာဂျယ်တို့ပါဝင်လာခဲ့တာကိုလည်းတွေ့ရပါတယ်။နောက်ပြီး စီရော်နယ်ဒို ၊ဒီဘာလာ ၊ ဂရက်စမန်း ၊ ဟာဇတ် စတဲ့နာမည်ကျော်ကစားသမားတွေလည်းပါဝင်လာခဲ့ပါတယ်။အီဗရာဟီမိုဗစ်၊ အင်နီရေစတာ၊ဟာရီကိန်း ၊ကန်တီ ၊ကရူးတို့လည်း ဒီဆုအတွက် ဆန်ကာတင်စာရင်းမှာပါဝင်နေခဲ့ပါတယ်။လီဝန်ဒေါစကီး ၊မာဆယ်လို ၊မက်ဆီ၊ မိုဒရစ် ၊နေမာ ၊ရာမို့စ် ၊ဆန်းချက် တို့လည်း ဒီဆုအတွက် မျော်လင့်ချက်ရှိနေတာလည်းဖြစ်နေပါတယ်။ဂိုးသမားတွေဖြစ်ကြတဲ့ နာဗက်နဲ့ နူအာလည်း ဒီဆုမှာ ပါဝင်လာခဲ့ပါတယ်။နောက်ပြီး ဗီဒယ် နဲ့ လူးဝစ်ဆွာရက် တို့က ဒီဆုရဲ့ဆန်ကာတင်လူစာရင်းမှာ ပါဝင်နေတာကိုလည်း တွေ့ရပါတယ်

အကောင်းဆုံးကစားသမားဆုအတွက် ဆန်ကာတင်စာရင်း

ဆွာရက်

ဗီဒယ်

နူအာ

နာဗက်

မာဆယ်လို

မိုဒရစ်

ဆန်းချက်

မက်ဆီ

လီဝန်ဒေါစကီး

နေမာ

ရာမို့စ်

ကရူး

ကန်တီ

အီဘရာဟီမိုဗစ်

အင်နီရေစတာ

ကာဗာဂျယ်

ဘတ်ဖွန်

ဘိုနူချီ

ဟာဇတ်

စီရော်နယ်ဒို

ဂရက်စမန်း

ဒီဘာလာ

ဟာရီကိန်း၊

အော်ဘာမီယန်တို့ပဲဖြစ်ပါတယ်။

Source - Squawka Football

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။