လူမှုကွန်ယက်ပေါ်ကအမျိုးသားပရိသတ်ကြီးရဲ့ဝန်းရံခံနေရတဲ့

မြန်မာ့လက်ရွေးစင်ဘတ်စကစ်ဘောမယ်လေး


တကယ်ဆိုရင်မြန်မာပြည်မှာ ဘတ်စကစ်ဘောကစားနည်းဟာဘောလုံးအားကစားနည်း

လောက်လူကြိုက်သိပ်မများဘူးလို့ဆိုရမှာပါ။မလေးရှား

ဆီးဂိမ်းပြိုင်ပွဲဝင်ဘောလုံးအသင်းဟာ

တစ်နိုင်ငံလုံးရဲ့အသဲကျော်ဖြစ်နေပေမယ့် မြန်မာလက်ရွေးစင်ဘတ်စကတ်ဘောအသင်းတွေကိုတော့

အားပေးမှုနည်းနေသေးတယ်လို့ပြောလို့ရပါတယ်။

ဒါပေမယ့်အခုအခါမှာတော့မြန်မာ့လက်ရွေးစင်အမျိုး

သမီးအသင်းကိုအားပေးသူပရိသတ်တွေတဟုန်ထိုး

များပြားလာခဲ့ပါပြီ။

ချောမောလှပတဲ့မြန်မာ့လက်ရွေးစင်

်ဘတ်စကတ်ဘောသမလေးအေးမြတ်ရဲ့ဓာတ်ပုံတွေ

လူမှုကွန်ယက်ပေါ်မှာတမဟုတ်ခြင်းပျံ ့နှံ ့လာပြီးနောက်မှာ

မြန်မာ့အမျိုးသမီးအသင်းကိုအားပေးသူပရိသတ်တွေ

တဖြည်းဖြည်းများပြားလာပါတယ်။မိုးကုတ်သူလေး

တစ်ယောက်ဖြစ်တဲ့အေးမြတ်ဟာလည်း

အားကစားသမားဆိုပေမယ့်မော်ဒယ်လေးတစ်ယောက်လို

ချောမောလှပသူတစ်ယောက်ဖြစ်ပါတယ်။Facebookပေါ်

မှာသူ့ကိုအားပေးတဲ့သူများလာတဲ့အတွက်အံအား

သင့်နေမိတယ်လို့အေးမြတ်ကပြောပါတယ်။Facebook

ပေါ်မှာသူနဲ့သူငယ်ချင်းဖြစ်ချင်သူတွေဟာဘတ်စကစ်ဘော

အားကစားနည်းကိုတကယ်ချစ်မြတ်နိုးသူတွေဖြစ်မယ်လို့လည်း

ယုံကြည်ပါတယ်တဲ့။


အေးမြတ်ဟာဘတ်စကစ်ဘောအားကစားသမား

တစ်ယောက်ဖြစ်ပေမယ့်လည်းမြန်မာ့လက်ရွေးစင်

တိုက်စစ်မှူးအောင်သူကိုသဘောကျသူပါ။

မြန်မာ့အသင်းရဲ့ဆီးဂိမ်းပွဲစဉ်တွေကိုလည်း

စိတ်ဝင်တစားစောင့်ကြည်နေတတ်တယ်လို့ဆိုပါတယ်။

ကဲပရိသတ်ကြီးရေ ုုုမြန်မာအမျိုးသမီးအသင်းရဲ့

ဘတ်စကစ်ဘောပွဲစဉ်တွေကြည့်ဖို့အဆင့်သင့်

ဖြစ်နေပြီလား။သြဂုတ်လ 20ရက်နေ့မှာ

အင်ဒိုနီးရှားအမျိုးသမီးဘတ်စကစ်ဘောအသင်းနဲ့

စကစားရမှာနော်။အေးမြတ်ကိုဝန်းရံကြမယ်မဟုတ်လား။

source-aye myat

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။