သားအိမ်ကင်ဆာဟာ အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ကြောက်စရာရောဂါဖြစ်ပါတယ်။ သားအိမ်ကင်ဆာရောဂါဟာ အစောပိုင်းအဆင့်မှာ သိရှိကုသမှသာ ကုသမှုအောင်မြင်မှာဖြစ်တဲ့တွက် လျစ်လျူမရှုထားသင့်ပါဘူး။ သားအိမ်ရောဂါကုသနိုင်ရန်ရောဂါလက္ခဏာများကို သိထားသင့်ပါတယ်။
၁. ခါးအောာက်ပိုင်းနာကျင်ကိုက်ခဲခြင်း
- ခါးအောက်ပိုင်းစူးရှတဲ့နာကျင်ကိုက်ခဲခြင်းဟာ မမျိုးဥအိမ်ကင်ဆာရဲ့ လက္ခဏာဖြစ်ပါတယ်။
၂. ၀မ်းဗိုက်ဖောင်းခြင်းနှင့်လေပွခြင်း
-၀မ်းဗိုက်ဖောင်းခြင်းနဲ့ လေပွတာဟာ မမျိုးဥကင်ဆာလက္ခဏာဖြစ်ပါတယ်။ လေပွတာကြောင့် ဘောင်းဘီဆိုဒ်ကြီးတွေ ပြောင်းလဲဝတ်ရတာမျိုးဆိုရင် လျစ်လျူမရှုထားသင့်ပါဘူး။
၃. ပုံမှန်မဟုတ်ပဲဆွေးဆင်းခြင်း
- မိန်းမကိုယ်မှပုံမှန်မဟုတ်တဲ့ အလွန်အမင်းသွေးဆင်းတာ၊ ရာသီလာချိန် တစ်ချိန်နဲ့တစ်ချိန်ကြားသွေးဆင်းခြင်းဟာ သားအိမ်ခေါင်းကင်ဆာ၊ သားအိမ်ကင်ဆာနဲ့ မမျိုးဥအိမ် ကင်ဆာတို့ ဆက်စပ်မှုရှိပါတယ်။
၎. အလွန်အမင်း ၀မ်းချုပ်ခြင်း
- အသီးအရွက်တွေများများစားပေမယ့် ၀မ်းမသွားပဲ ကြာရှည်ဝမ်းချုပ်နေခြင်းဟာလည်းသားဥအိမ်ကင်ငဆာ လက္ခဏာရပ်တစ်ခုဖြစ်ပါတယ်။
၅. နုံးချည့်ညောင်းညာခြင်း
- နုံးချည့်ညောင်းညာခြင်းဟာ အဖြစ်များဆုံးကင်ဆာလက္ခဏာတစ်ရပ်ဖြစ်ပါတယ်။
၆. တင်ပဆုံ နာကျင်ကိုက်ခဲခြင်း
- ရာသီအကြိုဝေဒနာ မဟုတ်ပဲ ချက်အောက်ပိုင်း တင်ပဆုံတွင်းမှာနာကျင်တာနဲ့ တင်းနေတာစသည့်လက္ခဏာတွေကို ကြာရှည်ခံစားနေရရင် သတိထားပါ။ တင်မဆုံနာကျင်ကိုက်ခဲမှုဟာ မမျိုးဥအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ မိန်းမကိုယ်ကင်ဆာတို့နဲ့ စပ်ဆက်မှုရှိပါတယ်။
၇. ဝမ်းသွားသော အလေ့အထပြောင်းလဲမူ ကြာရှည်ခြင်း
- ဝမ်းချုပ်တာ၊ ဝမ်းလျှောတာ၊ ဝမ်းထဲသွေးပါတာ၊ ဝမ်းအရည်ကျဲကျဲသွားတာနဲ့ အူအလေ့အထပြောင်းလဲမှုတွေဖြစ်ရင် ဆရာဝန်နဲ့ပြသင့်ပါတယ်။ ဒီလက္ခဏာတွေဟာ မီးယပ်သားဖွားကင်ဆာနဲ့ ဆက်စပ်နေတတ်ပါတယ်။
၈. ရင်သားပြောင်းလဲခြင်း
- လစဉ်ရင်သားစစ်ဆွေးမှုအတွင်း အဖုအကျိတ်ပေါ်တာ၊ နာကျင်တာ၊ ရင်သားက အရည်ထွက်တာ၊ ရင်သားနီမြန်းတာနဲ့ ရောင်ရမ်းတာတို့ဖြစ်နေရင် ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ဆွေးနွေးပါ။
သတင်းအရင်းမြစ် ဖိုးသူေတာ္
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။