မိန်းကလေးတွေ အနေနဲ့က တစ်လတစ်ခါရာသီလာတယ်ဆိုတာ မလွဲမသွေကြုံတွေ့ရမယ့် ကိစ္စတစ်ခုပါ။ မိန်းကလေးအများစုကတော့ ဓမ္မတာလာချိန်ဆိုရင် အစားအသောက်ရှောင်တာတွေ၊ ခေါင်းမလျှော်တာတွေ … စသည်ဖြင့် သတိထားနေထိုင်တတ်ကြပါတယ်။ ဒါတွေအပြင် မိန်းကလေးတွေအတွက် မဖြစ်မနေ သိထားသင့်တဲ့ တစ်ချို့သော အကြောင်းအရာလေးတွေလည်း ရှိနေပါတယ်။ မဖြစ်မနေ ဆင်ခြင်သင့်တဲ့ အရာဆိုလည်း မမှားပါဘူး။  

၁။ ဓမ္မတာလာနေတာကို ခဏ ခဏ မတွေးပါနဲ့။

ဓမ္မတာလာတယ်ဆိုတဲ့ကိစ္စက မိန်းကလေးတိုင်း ကြံုတွေ့ရတာမို့ ဘာမှ စိတ်ထဲမထားဘဲ ပေါ့ပေါ့ပါးပါးပဲ နေသင့်ပါတယ်။ ဓမ္မတာလာတဲ့ကိစ္စကို မေ့ထားလိုက်ပြီး ကျောင်းကိစ္စ၊ ရုံးကိစ္စ စတဲ့ အလုပ်တွေကို ပျော်ပျော်ရွှင်ရွှင်လုပ်ကိုင်ရင်း အချိန်ကိုကုန်ဆုံးသင့်ပါတယ်။ ဒါကြီးကို တွေးနေပြီး စိတ်ထဲမှာ စိတ်မအီမသာ ဖြစ်ပြီး အချိန်မကုန်သင့်ပါဘူး။  

၂။ လစဉ်သုံးပစ္စည်းကို ပုံမှန်လဲပေးဖို့ မမေ့ပါနဲ့။

ဒီအချက်ကလည်း မိန်းကလေးတွေ သတိလက်လွှတ်ဖြစ်နိုင်တဲ့အချက်ပါပဲ။ လစဉ်သုံးပစ္စည်းကို အနည်းဆုံး ၆နာရီ တစ်ခါ လဲပေးသင့်ပါတယ်။ ၄နာရီ တစ်ခါ လဲပေးနိုင်ရင် ပိုပြီး သင့်တော်ပါတယ်။ လစဉ်သုံးပစ္စည်းကို မလဲဘူးဆိုရင် မအင်္ဂါမှ ထွက်လာတဲ့သွေးတွေဟာ လစဉ်သုံးပစ္စည်းမှ ဓာတုပစ္စည်းတွေနဲ့ ဓာတ်ပြုပြီး မှိုအဖြစ်ပြောင်းလာသွားရုံမက ကင်ဆာရောဂါအထိ ဖြစ်နိုင်ပါတယ်။

၃။ အဝတ်အထည် အရောင်ရွေးပါ။

ရာသီလာနေတုန်းမှာဆိုရင် ကိုယ်လက်လှုပ်ရှားတဲ့အတွက်ကြောင့်ဖြစ်စေ ၊ လစဉ်သုံးပစ္စည်းကြောင့်ဖြစ်စေ အဝတ်အထည်တွေ ပေကျန်နိုင်ပါတယ်။ တကယ်လို့များ အဝတ်အထည်ပေခဲ့ရင်တောင် ပတ်ဝန်းကျင်က သတိမထားမိစေရန် ပြောင် အဝတ်အစားများကို ရှောင်ရှားပြီး အပွင့်အခက်ပါသော အဝတ်အစားများနှင့် အရောင်ခပ်ပုပ်ပုပ်၊ အရောင် ရင့်ရင့်တွေကို ရွေးချယ် ၀တ်ဆင်သင့်ပါတယ်။

၄။ အလွမ်း၊အဆွေး ဇာတ်ကားတွေ မကြည့်နဲ့။

မိန်းကလေးတွေဟာ ဓမ္မတာ မလာခင်ရက်ပိုင်းအလိုနှင့် လာနေတုန်းမှာ စိတ်ဓာတ်ပြောင်းလဲလွယ် တတ်ကြပါတယ်။ ပြီးတော့လည်း ပျော်ရွှင်တာတွေ၊ ဝမ်းနည်းတာတွေ ၊ စိတ်အလိုမကျတာတွေ ၊ ဒေါသဖြစ်တာတွေ အချိန်မရွေးဖြစ်နိုင်ပါတယ်။ အဲလိုလို အချိန်အတောအတွင်းမှာ စိတ်ဓာတ်ကျစေတဲ့ အလွမ်း၊အဆွေး ဇာတ်ကားတွေ၊ သရဲကားတွေ ကြည့်လိုက်ခြင်းဖြင့် စိတ်ဒဏ်ရာကို အလွယ်တကူ ထိခိုက်နိုင်ပါတယ်။

၅။ အဆာမခံပါနဲ့။

ဓမ္မတာလာနေချိန်မှာ နို့နှင့်နို့ထွက်ပစ္စည်းများကို စားသုံးသင့်ပါတယ်။ အသီးအရွက်လည်း များများစားပေးပါ။ နောက်ပြီးတော့ ကိုယ်လက်လေ့ကျင့်ခန်းပုံမှန် လုပ်ဆောင်သင့်ပါတယ်။ ရာသီလာနေတဲ့အချိန်မှာဆိုရင် ဗိုက်အောင့်တာတွေက ခံစားရခက်လှပါတယ်။ ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်းတွေက ဗိုက်အောင့်တာတွေ ၊ ဗိုက်နာတာတွေကို သက်သာစေပါတယ်။

၆။ လိင်မဆက်ဆံပါနဲ့။

ဓမ္မတာလာနေတဲ့အချိန်မှာ လိင်ဆက်ဆံဖို့ မသင့်တောပါဘူး။ ပထမဆုံးအကြိမ် လိင်ဆက်ဆံမယ့် မိန်းကလေးတွေအတွက် ရာသီလာစဉ်လိင်ဆက်ဆံခြင်းကို အထူးပင် ရှောင်ကျဉ်သင့်ပါတယ်။

၇။ ဘီယာသောက်ခြင်းကို ရှောင်ပါ။

ဓမ္မတာလာနေချိန်မှာ ဘီယာသောက်မယ်ဆိုရင် Alcohol ဓာတ်ကို ပိုမိုစွဲလမ်းမူးယစ်နေတဲ့အတွက် မသောက်သင့်ပါဘူး။

ဒါလေးတွေသာ သိထားမယ်ဆိုရင် မိန်းကလေးအများစုက တစ်လတစ်ခါလောက်တော့ စိတ် မူမမှန်တာမျိုး၊ ဘာမှန်းမသိ စိတ်တို စိတ်ညစ်နေတတ်တာမျိုး ဖြစ်တတ်တယ်ဆိုတာ အထူးအဆန်း မဟုတ်တော့ပါဘူး။ ဓမ္မတာလာနေချိန်မှာ ဆောင်ရန် ရှောင်ရန်လေးတွေကို သိထားပြီး ကျန်းမာပျော်ရွှင်သော ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေ …. ။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။