လက်ရှိအချိန်မှာ ချယ်ဆီးအသင်းနှင့် ဒီယေဂိုကော်စတာတို့ အဆင်မပြေဖြစ်နေကြပါတယ်။ တိုက်စစ်မှူး ကော်စတာကို နည်းပြကွန်တီအနေဖြင့် မင်းကိုအလိုမရှိတော့ဟု စာတိုပိုကကတည်းက အဆင်မပြေဖြစ်နေကြတာပါ။ ကော်စတာအနေနှင့် ချယ်ဆီးအသင်းနှင့် ယခုထိ လာရောက်ပူးပေါင်းခြင်းမရှိသေးပါဘူး။ ကော်စတာတစ်ယောက် ဘရာဇီးနိုင်ငံမှာ အမျိုးတွေနှင့် ပျော်ပါးလျက်ရှိပါတယ်။ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ကော်စတာတစ်ယောက် Sportsmail နှင့် သီးသန့်အင်တာဗျုးဖြေကြားခဲ့ပါတယ်။ ထိုထဲက ကော်စတာရဲ့ ဖြေကြားချက် ရင်ဖွင့်ချက် အချို့ကို တင်ပြပေးလိုက်ပါတယ်။

ကော်စတာ - “ ချယ်ဆီးက ကျုပ်ကို အလကားပေးထွက်မယ့်အချိန်ကို စောင့်နေတာဗျ။ ကျုပ် ချယ်ဆီးမှာပျော်ခဲ့ပါတယ်။ ကျုပ် ချယ်ဆီးကနေလည်း မထွက်ချင်ခဲ့ဘူး။ ဒါပေမယ့် ခင်ဗျားရဲ့နည်းပြက ခင်ဗျားကို အလိုမရှိတော့ဘူးလို့ ပြောလာရင် ခင်ဗျား ထွက်ကိိုထွက်ရမယ်လေ။ ကျုပ်ပြောတာ ဟုတ်တယ်မလား ၊မန်ယူနည်းပြ မော်ရင်ဟိုကလည်းကျုပ်ကို ဖုန်းခေါ်ပြီး သတင်းမေးခဲ့သေးတယ်ဗျ။ ကျုပ်ရဲ့ ဆန္ဓကတော့ အက်သလက်တီကိုုမှာ ပြန်ကစားရဖို့့ဗျ။ ချယ်ဆီးအသင်းက ကျုပ်ကို အရံတွေနှင့်ပဲ လေ့ကျင့်ခန်း ဆင်းဖို့ပြောခဲ့တယ်။ ပထမအသင်းရဲ့ အဝတ်လဲခန်းထဲ ၀င်ခွင့်မရှိသလို ပထမအသင်းသားတွေနဲ့လဲ ဆက်ဆံခွင့်မပေးဘူးလေ။ ခင်ဗျား စဉ်းစားလေ။ ကျုပ်ကရာဇဝတ်သားလားဗျ။ ကျုပ်ကို ဒီလိုဆက်ဆံတာမမျှတဘူးလေ။” ဆိုခဲ့တဲ့ ကော်စတာတစ်ယောက်ကတော့ ခံစားချက်တွေ ဖွင့်ပြောနေလေရဲ့။ 

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ချယ်ဆီးအသင်းက အသင်းနှင့်လာမပူးပေါင်းတဲ့ ကော်စတာကို ဒဏ်ကြေး တပ်ခဲ့ပါတယ်။ ဒီယေဂိုကော်စတာကို ချယ်ဆီးက ဒဏ်ကြေးအဖြစ် နှစ်ပတ်လုပ်ခ ပေါင်၃သိန်းအဖြစ် ဒဏ်တပ်ခဲ့တာပါ။ ယခုလိုဒဏ်တပ်ခဲ့ရတဲ့အတွက် ဒီယေဂီုကော်စတာကမကျေမနပ်ဖြစ်လျက်ရှိပါတယ်။ ဒီယေဂိုကော်စတာက ပိုမိုပေါက်ကွဲခဲ့ပြီး ချယ်လ်ဆီးအသင်းသို့ လုံးဝပြန်မလာတော့ဟု ကြေညာချက်ထုတ်ခဲ့ခြင်းလည်းဖြစ်သည်။ ယင်းကြေညာချက်တွင် ဒီယေဂိုကော်စတာက “ကျွန်တော် နောက်ဆုံးဆုံးဖြတ်ချက်ကို ချမှတ်လိုက်ပါပြီ။ ကျွန်တော် ချယ်လ်ဆီးအသင်းကို လုံးဝပြန်မသွားတော့ပါဘူး။ အက်သလက်တီကိုအသင်းကိုပဲ ပြန်လည်ပြောင်းရွှေ့ပါတော့မယ်” ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။ဒီယေဂိုကော်စတာ၏ ရှေ့နေဖြစ်သူကလည်း ချယ်လ်ဆီးအသင်းနှင့် စာချုပ်ဖျက်သိမ်းနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ပြီး ချယ်လ်ဆီးအသင်းက လက်မခံခဲ့ပါက တရားရင်ဆိုင်ရန်ပင် စီစဉ်ထားပြီဖြစ်ကြောင်း သိရှိရသည်။

Hein (Mg Lu Aye) 

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။