အွန်နရီဆိုတာ ဘောလုံးလောကမှာ နာမည်ကြီး ဘောလုံးသမားတစ်ဦးပါ။ ပြင်သစ်သား အွန်နရီက ဘောလုံးလောကရဲ့ နာမည်ကြီးတိုက်စစ်မှူးတွေထဲက တစ်ယောက်ပါပဲ။ အွန်နရီက အင်္ဂလန်ပရီးမီးယားလိဂ်မှာ အာဆင်နယ်နှင့်အတူ နာမည်ကြီးလာခဲ့တာပါ။ အာဆင်နယ်အသင်းမှာ အွန်နရီသွင်းယူခဲ့တဲ့ ဂိုးအရေအတွက်က ကြောက်မခန်းလိလိပါပဲ။  

အွန်နရီက ပြင်သစ်ကလပ် မိုနာကိုမှာ ဘောလုံးသမားဘဝစတင်ခဲ့ပါတယ်။ ပြင်သစ်လိဂူးကလပ် မိုနာကိုကနေ နာမည်ကျော် အီတလီဂျူဗင်တပ်ကလပ်မှာ တစ်ရာသီ ကစားခဲ့ပါတယ်။ ထို့နောက် အာဆင်နယ်အသင်းသို့ အာစင်ဝင်းဂါး၏ခေါ်ယူကမ်းလှမ်းမှုဖြင့် ရောက်ရှိခဲ့ပြီး ပရီးမီးယားလိဂ်မှာခြေချခဲ့ပါတယ်။ အွန်နရီအနေဖြင့် အာဆင်နယ်အသင်းတွင် ဂိုးများစွာ သွင်းယူပေးခဲ့ပြီး နာမည်ပိုကျော်ကြားလာပါတယ်။

အွန်နရီသည် အာဆင်နယ်အသင်းနှင့် ရှုံပွဲမရိ်ှ ပရီးမီးယားလိဂ်ဖလားဆွတ်ခူးရာတွင် အထူးခြေစွမ်းပြခဲ့သူတစ်ယောက်ပါ။ ထို့နောက် အွန်နနရီအနေဖြင့် စပိန်လာလီဂါကလပ် ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့ပါတယ်။ အွန်နရီအနေဖြင့် ဘာစီလိုနာအသင်းနှင့်အတူ ဥရောပချန်ပီယံလိဂ်ဖလားကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ထိ်ုကဲ့သို့ အာဆင်နယ်အသင်းနှင့်ဘာစီလိုနာနှင့် အောင်မြင်မှုများစွာယူနိုင်ခဲ့တဲ့ အွန်နရီအနေဖြင့် သြဂုတ်လ (17) မှာ အသက် ၄၀ပြည့်ခဲ့ပါပြီ။ အွန်နရီတစ်ယောက် ဘောလုံးလောကမှာ နာမည်ကျော်နည်းပြ တစ်ယောက်ဖြစ်လာဖို့ ဆုတောင်းပေးလိုက်ပါတယ်။ လောဆယ်မှာ အွန်နရီက ပွဲကြေငြာကဲခတ်သူ လုပ်နေပါတယ်။ အွန်နရီ၏အကောင်းဆုံး၁၀ဂိုးနှင့် အာဆင်နယ်အတွက်အကောင်းဆုံးဂိုးများကိုတင်ပေးလိုက်ပါတယ်။

Hein (Mg Lu Aye)

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။