ယခုသြဂုတ်(17)ရက်နေ့တွင် စပိန်နိုင်ငံ ဘာစီလိုနာမြို့ အကြမ်းဖင်မှုဖြစ်ပွားခဲ့ပါတယ်။ အကြမ်းဖက်မှုကြောင့် လက်ရှိချိန်ထိ လူပေါင်း၁၃ယောက်သေဆုံးထားပါတယ်။ ဒါ့အပြင် စိုးရိမ်ရတဲ့လူနာများ အပါအဝင် ထိခိုက်ဒဏ်ရာရတဲ့သူကလည်း ၁ရာကျော်အထိရှိတယ်လို့ သိရှိရပါတယ်။ လမ်းမပေါ်မှာ ဒဏ်ရာရသူတွေ သွေးတွေနှင့် ဘာစီလိုနာမြို့ အကျည်းတန်နေခဲ့ပါတယ်

အကြမ်းဖက်သမားတစ်ဦး မောင်းနှင်လာတဲ့ ဗင်ကားတစ်စီးဟာ တိုးရစ်တွေ စီးကားတဲ့ လမ်းမပေါ်မှာ တစ်ဟုန်ထိုး မောင်းနှင်လာတာပါ။ အဆိုပါ ဗင်ကားက လူတွေကိ်ု ကားနှင့်တိုက်ပစ်ကာ အကြမ်းဖက်ခဲ့တာပါ။ ထို့နောက် မောင်းနှင်လာတဲ့ အကြမ်းဖက်သမားဟာ ခြေကျင်ထွက်ပြေးသွားပါတယ်။ ထို့နေ့မတိုင်ခင်မှာလည်း ဖြစ်ပွားရာကနေ မိုင်ရ၀အကွာမှာလည်း အကြမ်းဖက်သမားသတင်းရရှိသောကြောင့် ရဲတပ်ဖွဲ့အနေနှင့် လိုက်လံဖမ်းဆီးရာ နှစ်နာရီအကြာမှာတော့ တရားခံကို အသေဖမ်းနိုင်ခဲ့ပါတယ်။ထို့ကဲ့သို့ ဖမ်းဆီးခံရာမှာ ရဲတပ်သား၂ယောက် ဒဏ်ရာရရှိခဲ့ပြီး တစ်ယောက်ကတော့ ခြေထောက်ကျိုးတဲ့အထိ ဆိုးရွားခဲ့ပါတယ်။

ရဲတပ်ဖွဲအနေဖြင့် အဆိုပါ ကိစ္စ၂ခုက ဆက်စပ်နေကာ ကြိုတင် စီစဉ်ထားတာဖြစ်ကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီကိစ္စတွေနင့် ပတ်သတ်ပြီး အစ္စလာမ်မစ်အကြမ်းဖက်အဖွဲ့ ISIS က သူတို့လုပ်တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒီနေ့မနက်ပိုင်းမှာတော့ ကမ်ဘရေးမြို့တွင် Audi A3 ကားတစ်စီးက လမ်းသွားလမ်းလာများကို ၀င်တိုက်ခဲ့ရာ ခြောက်ဦးဒဏ်ရာ ရရှိသွားခဲ့ကြောင်း ထပ်မံသိရှိရသည်။ ယခုအခါ စပိန်အာဏာပိုင်များအနေဖြင့် လုံခြုံရေး တိုးမြင့်ထားကာ တရားခံများကိုလက်လံရှာဖွေဖမ်းဆီးနေကြောင်းသိရှိရသည်။

Hein (Mg Lu Aye) 

သတင်းအရင်းမြစ် Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။