တစ်နေတာလုံးမျက်စိနဲပက်သက်ပြီး အလုပ်မလုပ်ရတဲ့လူဆိုတာရှိပါဘူး။ဘယ်အရာမဆို အမြင်အာရုံနဲ့ လုပ်ရှားရတာကြောင့် မျက်စိနဲဲပက်သက်ပြီး ဝေဒနာခံစားရမှာ အနည်းနဲ့အများပဲကွာပါတယ်။ထိုသို့ အကြောင်းအမျိုးမျိုးဖြစ်လာခဲ့ရင်တော့ အလွယ်တကူကုသနိုင်အောင် သဘာဝနည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

မျက်စိညောင်းကိုင်ရခြင်းအကြောင်းတွေကတော့

အလင်းရောင်ပါတဲ့TV၊Computer တို့ကိုအချိန်ကြာကြာကြည့်ခြင်း စာအုပ်ကိုအချိန်ကြာကြာအာရုံစိုက်ဖတ်ခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်းကြောင့်ဖြစ်ခြင်း အိပ်ရေးပျက်ခြင်း၊အလင်းရောင်တောက်ပတဲ့နေရာကို အချိန်ကြာကြာကြည့်ခြင်းတို့ကြောင့်ဖြစ်ပေါ်လာတတ်ပါတယ်။

ရောဂါလက္ခဏတွေကတော့

မျက်စိဖွင့်ထားရင်တောင် လေးလံနေတတ်ပါတယ်၊ခြောက်သွေ့ပြီးစပ်ဖျဉ်းဖျဉ်းဖြစ်တာ၊

မျက်စိနှာနာတာ၊မျက်ရည်ကျတာ၊ခေါင်းကိုက်တာနဲ့အလင်းရောင်နဲ့ထိတွေပြီး ကျိန်းစပ်စပ်ဖြစ်တတ်ပါတယ်။

သက်သာစေရန်နည်းလမ်းတွေကတော့..

၁) ရေခဲ သေတ္တာထဲမှာ အေးခဲအောင် သိမ်းထားတဲ့ လက်ဖက် အိတ်နှစ် အိတ်ကို ယူပြီး မျက်စိ ပေါ်ကို မိနစ် ၂၀ ကြာ တင်ထား ပါ။ မျက်စိလန်းဆန်းပြီး ညောင်းညာမှု သက်သာသွား ပါလိမ့်မယ်။

(၂) လတ်လတ် ဆတ်ဆတ် လှီးဖြတ်ထားတဲ့ သခွားသီး စိတ်ကို မျက်စိပေါ်မှာ မိနစ် ၃၀ ကြာ တင်လိုက်ပါ။ ပြီးရင် မျက်စိကို ရေအေးနဲ့ ဆေးကြောသန့်စင် ပေးပါ။

(၃) နှင်းဆီ ရေထဲမှာ စိမ်ထားတဲ့ ဝါဂွမ်းစကို မျက်စိပေါ်မှာ ၁၅ မိနစ်ခန့်တင်ပါ။

(၄) အေးခဲနေတဲ့ နို့ထဲမှာ စိမ်ထားတဲ့ ဝါဂွမ်းစကို မျက်ခွံပေါ်မှာ မိနစ် အနည်းငယ်ကြာ တင်ပေးပါ။

မျက်စိ ဖောင်းအစ်မှု လျော့ကျ စေပြီး လန်းဆန်း သွားပါလိမ့်မယ်။

(၅) ရေခဲ သေတတ္တာထဲ ထည့်ထားတဲ့ ဇွန်းနှစ်ချောင်းကို မျက်စိပေါ် တင်ပေးရင် မျက်စိညောင်းညာမှု လျော့ပါး သွားပါ လိမ့်မယ်။

(၆) ရေဓာတ် ခန်းခြောက်မှုကြောင့် မျက်စိ ညောင်းညာမှု မဖြစ် အောင် တစ်နေ့လုံး ရေများများ သောက်ပေး ရပါမယ်။

(၇) မျက်စိ ကို သန့်ရှင်း တဲ့ ရေခဲရေ နဲ့ မကြာခဏ ဆေးကြော ပေးတာ က မျက်စိ ညောင်းညာမှု၊ ယားယံမှု နဲ့ နွမ်းနယ် မှု သက်သာ စေပါတယ်။ 

သတင်းအရင်းမြစ် ျမ၀တီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။