ခန္ဓာကိုယ် နာကျင်ကိုက်ခဲမှုများဖြစ်ပေါ်ပါက မည်သည့်နေရာတွင် နာကျင်ကိုက်ခဲမှုဖြစ်သလဲ ဆိုတာကို ကောင်းစွာဆန်းစစ်၍ သက်တောင့်သက်သာ ဖြစ်စေရန် နေထိုင်ပါ။ ကောင်းမွန်စွာ အနားယူပါ။

နာကျင်ကိုက်ခဲမှုကို သက်သာစေရန် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေး ပြုလုပ်ပါ။ နာကျင်ကိုက်ခဲနေတုန်းအချိန်မှာ နှိပ်နယ်ခြင်းကို အထူးသဖြင့် လုံးဝ မပြုလုပ်သင့်ပါဘူး။ နာကျင်ကိုက်ခဲမှုကို ပျောက်ကင်းသက်သာစေရန်အတွက် ဆေးမြှီးတိုများ၊ ပတ်ဝန်းကျင်မှ ညွှန်ကြားသော ဆေးများကို မိမိသဘောအတိုင်း မသောက်သုံးသင့်ပါဘူး။ လိုအပ်လျှင် ဆရာဝန်နှင့် တိုင်ပင်၍ ဆေးကုသမှုကို ကောင်းစွာခံယူပါ။ နာကျင်ကိုက်ခဲမှုကို ပေါ့ဆပါက အချိန်ကြာလာတဲ့အမျှ သင့်ရဲ့ အရိုးအဆစ်၊ ကြွက်သားများကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။

နာကျင်ကိုက်ခဲမှုကိုသက်သာစေဖို ့အတွက် အသုံးပြုတဲ့ မော်ဖင်းဆေးထက် တရားမှတ်ခြင်း (သို့မဟုတ်) ယောဂကျင့်ခြင်းက ပိုမိုအစွမ်းထက်ကြောင်း သိရှိပါတယ်။ တစ်နေ ့ကို မိနစ်နှစ်ဆယ်လောက် သတိအပြည့်နဲ ့တရားမှတ်ခြင်းက အစွမ်းထက်ဆေးဝါးတွေထက် နာကျင်ကိုက်ခဲမှုကို လျော့နည်းသက်သာစေပါတယ်။

ဦးနှောက် scan ဖတ်ခြင်းအရ မော်ဖင်းထိုးခြင်းဟာ ခန္ဓာကိုယ်နာကျင်မှုဒဏ်ကို ၂၂ ရာခိုင်နှုန်း သက်သာစေပြီး သတိအပြည့်နှင့့် တရားထိုင်ခြင်းကတော့ ၂၇ ရာခိုင်နှုန်း လျော့နည်းစေတယ်လို့ သိရှိခဲ့ရပါတယ်။ အာနိသင်တကယ်မရှိတဲ့ဆေးကို အာနိသင်ရှိတဲ့ ဆေးအသွင် လိမ်းပေးကာ လူနာကို စိတ်ပိုင်းဆိုင်ရာလှည့်စားခြင်းကလည်း နာကျင်ခံစားရမှု၏ ၁၁ ရာခိုင်နှုန်း သက်သာစေတယ်လို့ လေ့လာတွေ ့ရှိခဲ့ရပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။