ယူရိုပါလိဂ်ခြေစစ်ပွဲပြိုင်ပွဲကို ကျင်းပနေခဲ့ပြီဖြစ်တာကြောင့် ဥရောပ ပြိုင်ပွဲ တွေကို ပြန်လည် ယှဉ်ပြိုင်ခွင့်ရရှိနေတဲ့ အေစီမီလန်အသင်းကတော့ တာထွက်ကောင်းနေခဲ့တာလည်းဖြစ်ပါတယ်။အေစီမီလန်အသင်းဟာ အိမ်ကွင်းမှာ ရှကမ်ဒီဂျာ အသင်းကို ဧည့်ခံကစားခဲ့ပြီး ဂိုးပြတ်အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။အေစီမီလန်အသင်းရဲ့ တောင့်တင်းတဲ့လူစာရင်းက ရှကမ်ဒီဂျာအသင်းကို ၆ ဂိုး ၀ ဂိုးနဲ့သက်သောင့်သက်သာနဲ့ပဲ အနိုင်ယူခဲ့တာပဲဖြစ်ပါတယ်။

အေစီမီလန်အသင်းဟာ ယခုနှစ်အပြောင်းအရွှေ့မှခေါ်ယူထားတဲ့ ကစားသမားတွေဖြစ်တဲ့ ကေဟမ်နိူဂလူး ၊အန်ဒရီဆေးလ်ဗား၊ဘိုရီနီ တို့ရဲ့ တိုက်စစ်အတွဲအဖက်နဲ့ပွဲထွက်ခဲ့ပြီး ရှကမ်ဒီဂျာ အသင်းကို ယှဉ်ပြိုင်ကစားစေခဲ့တာလည်းဖြစ်ပါတယ်။အေစီမီလန်အသင်းအတွက် အဖွင့်ဂိုးကိုတော့ တိုက်စစ်မှူး အန်ဒရီဆေးလ်ဗားက သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယဂိုးကိုတော့  ဝါရင့်ကွင်းလယ်ကစားသမား မွန်တိုလီဗိုက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

တတိယမြောက် ဂိုးကိုလည်း အန်ဒရီဆေးလ်ဗားကပဲ ဂိုးအဖြစ်ပြောင်းလဲ ကန်သွင်းယူခဲ့တာဖြစ်ပြီး  လေးဂိုးမြောက်ဂိုးကိုတော့ အသစ်ခေါ်ယူထားတဲ့ တိုက်စစ်မှူး ဘိုရီနီက သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၅ဂိုးမြောက် ဂိုးကို အယ်တိုနယ်လီ က သွင်းယူပေးခဲ့တာဖြစ်ပြီး နောက်ဆုံးဂိုးကို မွန်တိုလီဗိုက ကန်သွင်းယူခဲ့ပြီး ပွဲကို ဂိုးပြတ်အနိုင်ရလဒ်နဲ့ အဆုံးသတ်ခဲ့တာပဲဖြစ်ပါတယ်။အေစီမီလန်ပရိတ်သတ်တွေကတော့ သူတို့အသင်း အရင်လို ဥရောပမှာ ခေါင်းပြန်မော့ဖို့ ဆန္ဒရှိနေခဲ့တာဖြစ်တာကြောင့် ညကနိုင်ပွဲအတွက်တော့ ပျော်နေကြမှာ အမှန်ပဲဖြစ်ပါတယ်။

Source - Ac Milan 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။