ဒီဇာတ်ကားလေးဟာဆိုရင်ဖြင့် ပရိသတ်ကြိုက်နှစ်ပြီးသားဖြစ်ပြီး သရဲကားကြိုက်သူအတွက်လည်း အကြိုက်တွေ့မယ့်ကားလေးတစ်ကားပါ။ဒီဇာတ်ကားထဲမှာ သရုပ်ဆောင်နေနဲ့Steptanie Sigman,Miranda Otto,Talitha Batemanတို့ကပါဝင်သရုပ်ဆောင်ထားသည်။ဒါရိုက်တာကတော့ David F.Sandbergကရိုက်ကူးထားပြီး ကြာမြင့်ချိန်ကတော့ 109minsဖြစ်ပါတယ်။ 

Annabella:Creationဇာတ်လမ်းအကျဉ်းလေးကတော့ အရုပ်တွေပြုလုပ်ရောင်းချတဲ့ Samnel Mullinsနဲ့ သူရဲ့မိန်းမဖြစ်သူEstherတို့ နှစ်ယောက်ဟာ လွန်ခဲ့တဲ့ ၁၂နှစ်က ကွန်လွန်ခဲ့တဲ့သူတို့သမီးလေးအတွက်ဝမ်းနည်းပူဆွေးနေကြတုန်းပါပဲ။ဝမ်းနည်းပူဆွေးမှုတွေကိုဖြေဖျောက်ဖို့အတွက် လင်မယားနှစ်ယောက်ဟာ ခရစ်ယာန်သီလရှင်Charoltteနဲ့ မိဘမဲ့ကလေးကျောင်းက မိန်းကလေးတစ်ချို့ကို ဖိတ်ကြားကာ သူတို့အိမ်မှာနေထိုင်စေခဲ့ပါတယ်။

သရဲစီးနေတဲ့ အရုပ်မလေး Annabelleကြောင့် Samuelတို့ လင်မယားနှစ်ယောက်နဲ့ တစ်အိမ်လုံး တဖြည်းဖြည်းတုန်လှုပ်ချောက်ချားလာကြပါတယ်။အဲတော့ Annebelleအရုပ်ကလေးနဲ့ ပတ်သက်နေတဲ့ ချောက်ချားမှုတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာကို သည်းထိပ်ရင်ဖို ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ပြောရင်းဆိုရင်းနဲ့ ဘဲဒီဇာတ်ကားလေးကို ကြည့်ချင်စိတ်တွေဖြစ်ပေါ်လာပါတယ်။ဘယ်လိုတွေ ဆက်ဖြစ်မလဲ။ဘယ်လိုတွေဖြေရှင်းကြမလဲဆိုတာကိုတော့ပရိသတ်တွေသွားရောက်ကြည့်ရှူ့ဖို့တိုက်တွန်းချင်ပါတယ်ခဗျ။သရဲကားကြိုက်သူတွေအနေနဲ့ လက်မလွှတ်သင့်တဲ့ကားလေးတစ်ကားပါနော်။

သတင်းအရင်းမြစ် Myanmar Times Daily

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။