ဆီးဂိမ်းနေဝင်ဘုရင်များရဲ့ကျဆုံးချိန်လား
ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲတွင် ဆယ့်ငါးကြိမ်တိတိ
ဗိုလ်စွဲထားသောထိုင်းအသင်းသည်ပြိုင်ဘက်ကင်းချန်ပီယံဖြစ်သည်ဟုဆိုလျှင်ငြင်းချက်ထုတ်စရာမလိုပါ။တစ်နည်း
ဆိုရသော်ထိုင်းတို့သည်ဆီးဂိမ်းဘောလုံးပြိုင်ပွဲရဲ့
နေဝင်ဘုရင်များ။ထိုင်းအသင်းဟာလက်ရှိဆီးဂိမ်း
အမျိုးသားဘောလုံးပြိုင်ပွဲရဲ့ချန်ပီယံဖြစ်သလို
နှစ်နှစ်ဆက်ထပ်ဆင့်ချန်ပီယံလည်းဖြစ်ပါတယ်။သို့သော်
အရှေ့တောင်အာရှမှဘောလုံးကျွမ်းကျင်သူ
တို့ကထိုင်းတို့နေဝင်နေပြီဟုတညီတညွတ်တည်းသုံးသပ်
ကြတယ်။အဘယ့်ကြောင့်နည်း။
ကယ်ဗင်၊နွန့်၊ဆူရိယာ၊ပီချာ၊ဝိုရာချစ်၊ဘူရမ်၊
ဆာဆာလက်၊ဗီရာချက်၊ချန်းရော့စတဲ့ထိုင်းယူ-23
ကစားသမားများဟာကျန်ပြိုင်ပွဲဝင်အသင်းအားလုံးက
ကစားသမားတွေထက်ခေါင်းတစ်လုံးပိုမြင့်သည်မှာအမှန်ပင်။
သူတို့အားလုံးဟာထိုင်းပရီးမီးယားလိဂ်နာမည်ကြီးကလပ်
များမှဒေါင်ဒေါင်မြည်ကစားသမားများပင်ဖြစ်ပါတယ်။
ဒါတောင်နာမည်ကြီးကွင်းလယ်လူသာနာဆစ်ကို
ထိုင်းနည်းပြဝိုရာဝတ်ချန်ထားခဲ့ပါသေးတယ်။
ဒီအသင်းကိုထိုင်းဘောလုံးအဖွဲ့ချုပ်နဲ့အတူ
ထိုင်းဂန္တဝင်ကစားသမားဝိုရာဝတ်ကနည်းပြအဖြစ်
တာဝန်ယူကာတစ်နှစ်ကျော်ကြာပြင်ဆင်ထားခဲ့ခြင်းပင်။
သို့သော်ထိုင်းအသင်းရဲ့ဆီးဂိမ်းအဖွင့်ကားမလှပခဲ့။
အုပ်စုအတွင်းဖျက်မြင်းအဆင့်အင်ဒိုနဲ့သရေကျတယ်။
ထိုင်းဂိုးသမားနွန့်ကောင်းလွန်း၍သာမရှုံးခဲ့ရခြင်းပင်။
နောင်တီမောနဲ့ပွဲမှာလက်ရှိထိုင်းအသင်းရဲ့ဝါအရင့်ဆုံးကစား
သမားတိုက်စစ်မှူးချန်းရော့ကိုချန်လှပ်ခဲ့ပြီးထိုင်းဟွန်ဒါ
အသင်းတိုက်စစ်မှူးစီတာချော့ကိုထည့်ပါတယ်။
ပထမပိုင်းအထိဂိုးမရသေး၍ဒုတိယပိုင်း
မှာချန်းရော့ကိုပြန်ထည့်ရတယ်။ဗီယက်နမ်လေးဂိုးသွင်းထားသောတီမောကို
ထိုင်းအသဲအသန်ကစားရပါတယ်။ဒါပေမယ့်ဝိုရာဝတ်အသက်ရှူချောင်သွားတယ်ပြောရပါမယ်။
ထိုင်းပါရမီရှင်လူငယ်ကစားသမားဝိုရာချစ်ကထိုင်းအသင်း
အတွက်အနိုင်ဂိုးတစ်ဂိုးသွင်းယူပေးသွားခဲ့ပါတယ်။
ထိုင်းတို့ကျရှုံးရခြင်းကိုအားကစားဆောင်းပါးရှင်တို့က
အချက်နှစ်ချက်နဲ့သုံးသပ်ပြပါတယ်။
ပထမတစ်ချက်ကကစားသမားများရဲ့ကိုယ့်ကိုကိုယ်
အထင်ကြီးမှုနဲ့ထိုင်းနည်းပြသိုရာဝတ်ရဲ့နည်းဗျူဟာ
အမှားတွေကြောင့်လို့သုံးသပ်ကြပါတယ်။ထိုင်းအသင်းနဲ့အတူအောင်မြင်ခဲ့သောTik -Tokကစားဟန်ကိုပြောင်းလဲခဲ့သောဝိုရာဝတ်ရဲ့နည်းဗျူဟာ
များကားရှေးရိုးစွဲအမှန်ပင်ဆန်လွန်းလှပါတယ်။
agu
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။