BIGBANG အဖွဲ့က G Dragon ရဲ့ Temple သီချင်းနဲ့တူနေတဲ့ ဝိုင်းစုခိုင်သိန်းရဲ့ "ဂါ"

ပြည်သူချစ် အဆိုတော်မလေး ဝိုင်းစုခိုင်သိန်းဟာ လွန်ခဲ့ရက် အနည်းငယ်ကမှ သူမရဲ့ ငါးခုမြောက်အယ်လ်ဘမ်တစ်ခုဖြစ်တဲ့ "ဂါ" ကို စတင်ဖြန့်ချီခဲ့ပါတယ်။ ရန်ကုန်မှာ တစ်ပွဲ မုံရွာမှာ တစ်ပွဲ နဲ့ မန္တလေး တစ်ပွဲ စုစုပေါင်း promotion ပွဲသုံးပွဲ လုပ်ခဲ့ပါတယ်။ အရှေ့အယ်လ်ဘမ်တွေတုန်းကလိုပဲ ဒီတစ်ခေါက်လည်း အရမ်းကိုမှ ပေါက်ပြီး ပရိသတ်တွေ တိုးလို့ဝှေ့လို့နဲ့ အရမ်းကိုမှ စည်ကားခဲ့ပါတယ်။ ဒီ အယ်လ်ဘမ်နာမည်ကိုတော့ "ဂါ" လို့ပေးထားပြီး ဆိုနေကျ အလွမ်းအဆွေး သီချင်းလေးတွေလည်း ပါသလို အရင်နဲ့မတူ တစ်မူထူးတဲ့ အမြူ းအတူး သီချင်းလေးတွေလည်း ပါဝင်လို့ လာခဲ့ပါတယ်။ ဝိုင်းစုရဲ့ "ဂါ" အယ်လ်ဘမ်သစ်ထဲက သီချင်းတွေကို နာမည်ကြီးတေးရေးဆရာတွေဖြစ်ကြတဲ့ ဖိုးကာ ဆောင်းဦးလှိုင် ရွှေဂျော်ဂျော် ညီမင်းနိုင် ရွှေထူး X Box သိန်းလင်းစိုး တို့ကရေးပေးထားပြီး "ဂါ" သီချင်းကိုတော့ Snare အဖွဲ့ ကရေးပေးထားပါတယ်။

ဝိုင်းစုရဲ့ "ဂါ" အယ်လ်ဘမ်မှာ သီချင်းစုစုပေါင်း ၁၃ ပုဒ်ပါဝင်ထားပြီး "လှည့်စားပါ" "အလွမ်းနေ့အလွမ်းည" "ဖူးစာမဆုံတဲ့အချစ်" "ဒါလင်နဲ့မြင်းစီးသွားမလို့" "ဂါ" ဆိုတဲ့ သီချင်းလေးတွေက တော်တော်ပေါက်နေတယ်လို့ သိရပါတယ်။ ဒီသီချင်းခွေလေး ပရိသတ်တွေလက်ထဲရောက်တာ အခုဆိုရင် သုံးလေးရက်လောက် ရှိပါပြီ။ ဟိုသူကတော့ ဟိုသီချင်းကြိုက် ဒီသူကတော့ ဒီသီချင်းကြိုက် နဲ့ ဝိုင်းစုရဲ့ "ဂါ" အတော်လေးအောင်မြင်တာလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့လို့…………………

ဒါပေမယ့် ဝိုင်းစုရဲ့ "ဂါ" သီချင်းက Big Bang ဆိုတဲ့ K-pop အဖွဲ့က နာမည်ကြီး G Dragon ရဲ့ "Temple" သီချင်းနဲ့ သွားတူနေတာကိုတွေ့ရပါတယ်။ G Dragon ရဲ့ ပရိသတ်တွေကတော့ ဝိုင်းစုရဲ့ သီချင်းကို နားထောင်ပြီး ဒါဟာ G Dragon ရဲ့ သီချင်းကို ပုံတူယူထားတာဆိုပြီ ပြောဆိုသံ သဲ့သဲ့ထွက်လာပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာ ပြည်ပက သီချင်းတွေကို အမှီပြု ရေးသားလေ့ရှိတဲ့ အတွက်ကြောင့် ဒါနဲ့ပတ်သတ်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်တာတွေတော့ အခုချိန်ထိ မတွေ့ရပါဘူး။ ဘယ်သူတွေ ဘယ်လိုပဲ ဝေဖန်ဝေဖန် ဝိုင်းစုရဲ့ "ဂါ" အောင်မြင်နေတာကိုတော့ ငြင်းလို့မရပါဘူး။

Source: YouTube

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။