ငါးက ဦးနှောက်ကိုဖွံ့ဖြိုးတိုးတက်စေတဲ့အပြင် သံပရာသီးကလည်း ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ရှိပါတယ်။ ဒ့ါကြောင့် ငါးသံပရာပေါင်းကလည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာပါ။ အဆီမပါတဲ့ အရမ်းစားလို့ကောင်းတဲ့ ငါးသံပရာပေါင်း လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။  

လိုအပ်သော ပစ္စည်းများ

၁။ ဇလားဗီးယားငါး (သို့) ကကတစ်ငါး (သို့) ငါးရံ့ - ၁ ကောင်

၂။ စပါးလင် - ၂ ခု

၃။ ကြက်သွန်ဖြူ - ၅ တက်

၄။ ငရုပ်သီးစိမ်း - ၁၀ တောင့်

၅။ သံပုရာသီး - ၂လုံး

၆။ ဟင်းခတ်မှုန့် - ထမင်းစားဇွန်းတစ်ဇွန်း

၇။ ငါးငံပြာရည် - ထမင်းစားဇွန်း.၂ဇွန်း

၈။ သကြား - ထမင်းစားဇွန်း ၁ဇွန်း

၉။ ဂျင်း - လက်တစ်ဆစ်ခန့်

၁၀။ ရှမ်းနံနံ နှင့် နံနံပင် - အနည်းငယ်

ငါးသံပရာပေါင်း ပြုလုပ်နည်း

၁။ ငါးကို ကြေးခွံချွတ်ပြီး ဗိုက်ကိုလည်း အစာသွတ်ဖို့ ခွဲပါ။ သေချာစွာ ဆေးကြောသန့်စင်ပြီးနောက် တစ်ဘက် ၃ ချက်ခန့် မွှန်းပေးပါ။

၂။ ဟင်းခတ်မှုန့်နဲ့ နယ်ကာ ငါးဝမ်းဗိုက်အတွင်းသို့ စပါးလင်၊ နံနံပင်၊ ရှမ်းနံနံ တို့ကိုဓားပြားရိုက်ပြီးလုံးချေထည့်ပါ။ ဂျင်းအရည်လေးပါ အနည်းငယ်ထည့်ပါ။

၃။ နှစ်ထပ်ပေါင်းအိုးထဲ ရေနွေးဆူအောင်တည်ပြီး အပေါ်ထပ်တွင် ပန်းကန်ပြားခံကာ ငါးထည့်ပါ။ ၂၅ မိနစ်ခန့် ငါးကျက်သည်ထိပေါင်းပါ။ (အိမ်တိုင်းမှာ ဟင်းပေါင်းအို မရှိနိုင်တာကြောင့် ဒယ်အိုးကို အသုံးပြု၍ ပေါင်းသလိုမျိုး ပြုလုပ်နိုင်ပါသည်။)

၄။ ကြက်သွန်ဖြူနဲ့ ငရုပ်သီးကို ထောင်းပါ။

၅။ သကြား၊ ငံပြာရည်၊ သံပုရာရည်နဲ့ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးစိမ်းကို ဖျော်ပြီး ငါးရဲ့အပေါ်က လောင်းထည့်ပါ။

၆။ နံနံပင်နှင့် သံပုရာသီးပါးပါးလှီးပြီး ငါးသံပရာပေါင်းကို အလှဆင်လိုက်ပါ။ ထို့နောက် အပေါ့အငန် အချဉ်အစပ်မြည်း၍ လိုသလို ပြင်နိုင်ပါတယ်။ 

ကဲ …. အခုဆိုရင်တော့ အရသာရှိတဲ့ ငါးသံပရာပေါင်းလေးကို သုံးဆောင်နိုင်တော့မှာပဲ ဖြစ်ပါတယ်။ အိမ်မှာပဲဖြစ်ဖြစ် သူငယ်ချင်းတွေ စုပြီးတော့ဖြစ်ဖြစ် ငါးသံပရာပေါင်းလေးကို အရသာရှိရှိ စားနိုင်ကြပါစေ … ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။