ယခု စနေနေ့နှင့် တနင်္ဂနွေနေ့များမှာ အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်နှစ်များကို ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ အသင်းကြီးတွေဖြစ်တဲ့ တော့တီဟမ်စပါးနှင့် လက်ရှိချန်ပီယံ ချယ်ဆီးတို့က တွေ့ဆုံနေပါတယ်။ ဒါ့အပြင် ဇယားထိပ်ဆုံးက မန်ချက်စတာယူနိုင်တက်က ဆွမ်ဆီးအသင်းနှင့်တွေ့ဆုံနေပါတယ်။ လီဗာပူးကတော့ ခရစ်စတယ်ပဲလေ့နှင့်တွေ့ရမည်ဖြစ်ကာ အာဆင်နယ်ကတော့ စတုတ်စီးတီးနှင့် ကစားရမှာပါ။

တော့တီဟမ်စပါးအသင်းအနေနှင့် ချယ်ဆီးအသင်းကို အိမ်ကွင်းမှာလက်ခံကစားသွားရမှာပါ။ တော့တီဟမ်စပါးအသင်းနှင့် ချယ်ဆီးအသင်းတို့က လန်ဒန်ကလပ်တြွေုဖစ်လို့ လန်ဒန်ဒါဘီလို့ ခေါ်တွင်ရမှာပါ။ လက်ရှိချန်ပီယ့ ချယ်ဆီးကတော့ အဖွင့်ပွဲမှာ ဘန်လေကို နှစ်ယောက်လျော့နှင့်ကစားရကာ ၂-၃ဂိုးဖြင့်ရှုံးနိမ့်ထားခဲ့ပါတယ်။ ရှုံးတာက ကိစ္စမရှိပေမယ့် အသင်းခေါင်းဆောင် ကာဟေးကတော့ တိုက်ရိုက်အနီကတ်ကြောင့် စပါးနှင့်ပွဲကို လွဲချော်ခဲ့ရပြီဖြစ်ပါတယ်။

စပါးကတော့ တစ်ယောက်လျော့ နယူးကာဆယ်ကို ၂-၀ ဖြင့်အနိုင်ကစားနိုင်ထားပါတယ်။ စပါးအသင်းမှာ ဂိုးသွင်းကောင်း ရုန်းအားကောင်း နေရာလွတ်တွေဖန်တီးပေးနိုင်တဲ့ ဟာရီကိန်းလို တိုက်စစ်ကိုပိုင်ထားပါတယ်။ ဒါ့အပြင် အဲရစ်ဆန်လို ဂိုးဖန်တီးကောင်းတဲ့ ကစားသမားလဲရှိပါတယ်။ ချယ်ဆီးမှာတော့ ရုန်းအားကောင်းတ့ ကော်စတာကို လက်လွှတ်ထားရပေမယ့် ဂိုးသွင်းသေချာတယ် မိုရာတာရထားတာက ခံသာတယ်လို့ဆိုရမှာပါ။ မိုရာတာအနေနှင့် ပြီးခဲ့တဲ့ ပွဲမှာ ၁ဂိုးသွင်း ၁ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ သို့သော် ချယ်ဆီးအနေဖြင့် စပါးကိုအနိုင်ရဖို့ မလွယ်ပါဘူး။ စပါးအတွက် အနိုင်နဲ့သရေ ပွဲပါပဲ။

Hein (Mg Lu Aye)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။