ယခု စနေနေ့နှင့် တနင်္ဂနွေနေ့များမှာ အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်နှစ်များကို ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ အသင်းကြီးတွေဖြစ်တဲ့ တော့တီဟမ်စပါးနှင့် လက်ရှိချန်ပီယံ ချယ်ဆီးတို့က တွေ့ဆုံနေပါတယ်။ ဒါ့အပြင် ဇယားထိပ်ဆုံးက မန်ချက်စတာယူနိုင်တက်က ဆွမ်ဆီးအသင်းနှင့်တွေ့ဆုံနေပါတယ်။ လီဗာပူးကတော့ ခရစ်စတယ်ပဲလေ့နှင့်တွေ့ရမည်ဖြစ်ကာ အာဆင်နယ်ကတော့ စတုတ်စီးတီးနှင့် ကစားရမှာပါ။

စတုတ်စီးတီးအသင်းကတော့ တိုက်စစ်ကိုအားဖြည်တဲ့အနေဖြင့် ရီးရဲမက်ဒရစ်တိုက်စစ်မှူးဟောင်း ဟယ်ဆေးရိုဒရီုဂွတ်ဖ်ကိုခေါ်ယူထားနိုင်ပါတယ်။ စတုတ်စီးတီးက ခံစစ်အားကောင်းကာ အိမ်ကွင်းမာတဲ့ တစ်သင်းလဲဖြစ်ပါတယ်။ စတုတ်စီးတီးအနေဖြင့် အာဆင်နယ်ကိုဧည်ခံခဲ့တဲ့ အိမ်ကွင်းနောက်ဆုံး ရပွဲမှာ တစ်ပွဲသာရှုံးနိမ့်ထားတာပါ။ ကျန်တဲ့ အိမ်ကွင်း ၆ပွဲမှာ စတုတ်စီးတီးက အာဆင်နယ်အသင်းကို ၃ပွဲနိုင် ၃ပွဲသရေထိ ကစားထားနိုင်တာပါ။

အာဆင်နယ်အသင်းက လာကတ်ဇီတီနှင့်ကိုလာဆီနက်ကိုခေါ်ယူနိုင်ခဲ့တာ အကျ်ိုးရှိပါတယ်။ အာဆင်နယ်အသင်းမှာ အနားယူနေရတဲ့ မူစတာဖီနှင့် ကွီကွီလင်ပြန်ပါလာနိုင်ပါတယ်။ အားထားရတဲ့ တိုက်စစ်မှူး ဆန်းချက်ကတော့ ပါ၀င်နိုင်မှာ မဟုတ်ပါဘူး။ အာဆင်နယ်က ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ အနိုင်ရခဲ့တယ်ဆိုပေမယ့် ခံစစ်က ၃ဂိုးထိပေးခဲ့ရတာပါ။ အာဆင်နယ်အသင်းအနေနှင့် စတုတ်စီးတီးကို အဝေးကွင်းမှာ အနိုင်ရဖို့ ခဲယဉ်းလှပါတယ်။ ဒီပွဲစဉ်ကတော့ သရေကျသွားဖို့ များနေပါတယ်။

Hein (Mg Lu Aye)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။