ယခု စနေနေ့နှင့် တနင်္ဂနွေနေ့များမှာ အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်နှစ်များကို ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ အသင်းကြီးတွေဖြစ်တဲ့ တော့တီဟမ်စပါးနှင့် လက်ရှိချန်ပီယံ ချယ်ဆီးတို့က တွေ့ဆုံနေပါတယ်။ ဒါ့အပြင် ဇယားထိပ်ဆုံးက မန်ချက်စတာယူနိုင်တက်က ဆွမ်ဆီးအသင်းနှင့်တွေ့ဆုံနေပါတယ်။ လီဗာပူးကတော့ ခရစ်စတယ်ပဲလေ့နှင့်တွေ့ရမည်ဖြစ်ကာ အာဆင်နယ်ကတော့ စတုတ်စီးတီးနှင့် ကစားရမှာပါ။

မန်ချက်စတာယူနိုင်တက်နှင့် ဆွမ်ဆီးပွဲစဉ်ကို ဆွမ်ဆီးတို့၏ လေဘာတီကွင်းမှာ ကစားသွားမှာပါ။ မန်ချက်စတာယူနိုင်တက်ကတော့ ဆွမ်ဆီးကို အနိုင်ကစားသွားဖို့ရှိနေပါတယ်။ အိမ်ရှင်ဖြစ်တဲ့ ဆွမ်ဆီးအသင်းအနေနှင့် အားထိုးရတဲ့ တိုက်စစ်မှူး လော်ရန်တေး မပါ၀င်လာပါဘူး။ ဒါ့အပြင် ဆွမ်ဆီးက ရှေ့ကကစားခဲ့တဲ့ ဆောက်သမ်တန်ပွဲမှာ သရေသာ ကစားနိုင်ခဲ့ပါတယ်။ 

မန်ချက်စတာယူနိုင်တက်ကတော့ ၀က်စ်ဟမ်းနှင့်ပွဲစဉ်မှာ ၄-၀ ဖြင့် ဂိုးပြတ်အနိုင်ရကာ ဇယားထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ မန်ချက်စတာယူနိုင်တက်အသင်း ခေါ်ယူထားတဲ့ လူကာကူနှင့် မာတစ်က ခြေစွမ်းကောင်းတွေပြသထားနိုင်ပါတယ်။ ဆွမ်ဆီးနှင့် မန်ချက်စတာယူနိုင်တက် ကစားခဲ့တဲ့ နောက်ဆုံး ၃ပွဲမှာ မန်ချက်စတာယူနိုင်တက်က ၂ပွဲနိုင်ထားကာ ၁ပွဲသရေကျထားပါတယ်။ ယခုပွဲမှာတော့ မန်ချက်စတာယူနိုင်တက်ကပဲ ဆွမ်ဆီးကိုအနိုင်ကစားသွားမယ်လို့ ထင်ပါတယ်။

Hein (Mg Lu Aye) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။