ဂိုးမိုးတွေရွာသွန်းပေးခဲ့တဲ့မြန်မာအသင်း

ဘရူနိုင်းနဲ့ပွဲမှာပထမဆုံးအသိအမှတ်ပြုရမှာက

မလေးရောက်မြန်မာပရိသတ်တွေပါ။မြန်မာအသင်းပရိသတ်တွေအတွက်ခုံနေရာအားလုံးပြည့်ခဲ့ပြီး

ကွင်းတစ်ခြမ်းလုံးအနီရောင်ဖုံးလွမ်းထားခဲ့ပါတယ်။အိုးစည်ဒိုးပါတ်သံတညံညံနဲ့ပေါ့။

လာအိုနဲ့ပွဲမှာအာရုံစူးစိုက်မှုလျော့နည်းခဲ့တဲ့အားနည်းချက်ကို

မြန်မာအသင်းသားတွေအကောင်းဆုံးပြင်ဆင်နိုင်ခဲ့ပါတယ်။

မြန်မာအသင်းသားတွေအကောင်ဆုံးပြုပြင်နိုင်ခဲ့တယ်လို့

ဆိုရမှာပါ။

ဂိုးသမားကတော့ဆန်းဆက်နိုင်ကိုဆက်အသုံးပြုခဲ့ပြီး

ရှေ့မှာအောင်သူနဲ့ရွှေကိုကိုတွဲပေးခဲ့ပါတယ်။ဘရူနိုင်းကတော့

ခံစစ်ကစားဖို့ပြင်ဆင်လာခဲ့ပြီးမြန်မာတိုက်စစ်ကို ဟန့်တားဖို့

ကြိုးစားခဲ့ပါတယ်။မြန်မာတိုက်စစ်မှူးအောင်သူကို သုံးယောက်တြိဂံပုံစံမျိုးနဲ့ထိန်းချုပ်ဖို့ကြိုးစားခဲ့ပေမယ့်

မအောင်မြင်ခဲ့ပါဘူး။ပထမဂိုးကိုအောင်သူသွင်းသွားခဲ့ပြီး

စည်သူအောင်သွင်းသွားတဲ့ဒုတိယဂိုးဟာလည်း

အောင်သူနဲ့ပါတ်သက်နေပါတယ်။

ဒုတိယပိုင်းမှာတော့အမှားအယွင်းများနေတဲ့ရွှေကိုနေရာမှာ

အောင်ကောင်းမာန်ဝင်ရောက်လာပါတယ်၊

၊မစ္စတာဂတ်ရဲ့ဆုံးဖြတ်ချက်မှန်ကန်ခဲ့ပြီးအောင်ကောင်းမာန်ဟာမောင်မောင်လွင်ချိုးပေးတာကတဆင့်အောင်ကောင်းမာန်

တတိယဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

မိနစ်ခုနှစ်ဆယ်ကျော်မှာတော့အောင်သူအနည်းငယ်

ထိခိုက်ဒဏ်ရာရသွားခဲ့ပြီးပရိသတ်တွေကအောင်သူအောင်သူ

လို့တစ်ကွင်းလုံးဟစ်အော်အားပေးခဲ့ပုံကကြက်သီးထစရာ

ကောင်းလောက်အောင်ကြည်နူးရပါတယ်။အောင်သူနာမှာကို

စိုးရိမ်တဲ့အတွက်သန်းပိုင်နဲ့လူစားထိုးခဲ့ပါတယ်။မိနစ်ရှစ်ဆယ်ကျော်မှာလည်းတောင်ပံကစားသမား

မောင်မောင်လွင်တစ်ကိုယ်တော်အစွမ်းနဲ့ထိုးဖောက်ပြီး

ချိုးပေးတဲ့ဂိုးကိုအောင်ကောင်းမာန်နှစ်ဆင့်ပိတ်ပြီး

စတုတ္ထ မြောက်အနိုင်ဂိုးကိုသွင်းယူပေးခဲ့ပြီး

ပဥ္ဓမမြောက်ဂိုးကိုတော့ပွဲပြီးခါနီးမှာမောင်မောင်လွင်က

သူကိုယ်တိုင်ကန်သွင်းသွားခဲ့ပါတယ်။ဆဌမမြောက်ဂိုး

ကိုလည်းနာကျင်အချိန်ပိုတိုက်စစ်မှူးသန်းပိုင်ကနောက်ဆုံးပိတ်

အိတ်နဲ့လွယ်ပြီးကန်သွင်းယူသွားခဲ့ပါတယ်။

ပရိသတ်တွေပျော်အောင်ဂိုးမိုးတွေရွာသွန်းပေးခဲ့ပြီး

ကွာလာလမ်ပူမြို့ရဲ့မိုးရေစက်တွေကြားပရိသတ်တွေရဲ့

အပြုံးပန်းတွေပွင့်လန်းခဲ့ရပါတယ်။

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။