ဟောင်ကောင်ဒီမိုကရေစီအရေး လှုပ်ရှားသူ ခေါင်းဆောင်လူငယ်သုံးဦးဖြစ်သည့် ဂျိုရူဝေါင် (အသက် ၂၀)၊ အလက်စ်ချောင် (အသက် ၂၄) နှင့် နာသန်လော (အသက် ၂၆) နှစ် တို့ကို ပြီးခဲ့သည့် နှစ်က ဥပဒေနှင့် မညီညွှတ်သည့် စီတန်းလှည့်လည်မှုဖြင့် ထောင်ဒဏ်မဟုတ်သည့် အကျဉ်းချမှု ပြုလုပ်ရန် တရားရုံးက စီရင်ချက် ချမှတ်ခဲ့သည်။ သို့သော ယခုအခါတွင် ဟောင်ကောင် တရားရေးရာဌာနမှ ထောင်ဒဏ်ချမှတ်ရန်အတွက် ပြန်လည် စဉ်းစားသုံးသပ်ခဲ့ကြကြောင်း သိရှိရပါသည်။

ခေါင်းဆောင်သုံးဦးကို ဟောင်ကောင်တရားရုံးက ကြာသာပတေးနေ့တွင် ထောင်ဒဏ် ခြောက်လမှ ရှစ်လအထိ ချမှတ်ခဲ့ကြောင်း သိရှိရပါသည်။ ဝေါင်သည် ထောင်ဒဏ် ခြောက်လ ချမှတ်ခံရပြီး ချောင်မှာ ခုနှစ်လ ချမှတ်ခံရကာ လောမှာ ထောင်ဒဏ် ရှစ်လအထိ ချမှတ်ခံခဲ့ရပါသည်။ လောသည် ဟောင်ကောင်၏ ဒီမိုကရေစီနည်းအရ ရွေးချယ်ခဲ့သည့် အသက်အငယ်ဆုံး ဥပဒေပြုသူ တစ်ဦးဖြစ်ခဲ့ပြီး ပြီးခဲ့သည့်ကာလက အစိုးရဦးဆောင်သည့် တရားရေးအဖွဲ့က ၎င်းရာထူးမှ ဖယ်ရှားခဲ့ပါသည်။

ထိုလူငယ်ခေါင်းဆောင်သုံးဦးသည် စိတ်ဓာတ်ကြံ့ခိုင်ဟန်ရှိပြီး တည်ငြိမ်လျက်ရှိကြကြောင်း Reuter သတင်းတစ်ရပ်မှ ဖော်ပြခဲ့ပါသည်။ ထိုလူငယ်များသည် ဟောင်ကောင်ရှိ အစိုးရရုံးဌာနများရှေ့တွင် သောင်းကျန်ခဲ့ကြပြီးနောက် Umbrella လှုပ်ရှားမှုကို ပေါ်ပေါက်လာစေခဲ့သူုများလည်း ဖြစ်သည်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။