ထိုင်းအသင်းရဲ့ပါရမီရှင်ကစားသမားဝိုရာချစ်

ဆီးဂိမ်းပြိုင်ပွဲဝင်ထိုင်းတစ်သင်းလုံးလိုလို

ခြေစွမ်းပျောက်နေပေမယ့်ထိုင်းအသင်းမှာပုံမှန်ခြေစွမ်း

ပြနေသူကတစ်ဦးရှိပါတယ်။သူကတော့ဝိုရာချစ်

ပါ။ဝိုရာချစ်ကိုပါရမီရှင်ကစားသမားတစ်ဦးအဖြစ်

ထိုင်းမီဒီယာတွေကသတ်မှတ်ထားကြပါတယ်။

တိုက်စစ်အားသန်တဲ့ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ဝိုရာချစ်ဟာ

ထိုင်းထိပ်သီးကလပ်ဘူရီယမ်အသင်းရဲ့ကစားသမား

တစ်ဦးပါ။

ဝိုရာချစ်ဟာထိုင်းဘောလုံးအသင်းရဲ့ပါရမီရှင်

လူငယ်မွေးထုတ်ရေးစီမံကိန်းမှာပါဝင်ခဲ့ပြီး

အင်္ဂလန်ပရီးမီးယားလိဂ်ကလပ်လက်စတာ

အသင်းမှာသွားရောက်လေ့ကျင့်ခဲ့သူပါ။အဲ့ဒီအချိန်ကတည်းကစပြီးထိုင်းသက်တမ်း

အလိုက်လူငယ်ပြိုင်ပွဲတွေမှာတောက်လျှောက်ပါဝင်ခြေစွမ်း

ပြခဲ့ပြီးထိုင်းယူ 19အသင်းရဲ့ကပ္ပတိန်လည်းဖြစ်ပါတယ်။

2017ကွာလာလမ်ပူဆီးဂိမ်းမှာတော့ထိုင်းအသင်းရဲ့

ဒေါင်ဒေါင်မြည်ကစားသမားအဖြစ်ပါဝင်လာခဲ့ပြီး

စီနီယာဖြစ်တဲ့နာမည်ကျော်ကစားသမား

ချန်နာတစ်နေရာကိုဆက်ခံခဲ့ပါတယ်။

ဝိုရာချစ်ဟာချန်နာတစ်ရဲ့နေရာကိုထိုင်းအသင်းမှာသာ

ဆက်ခံရုံသာမကဂျေလိဂ်ကိုပါပြောင်းဖို့ပြင်ဆင်နေပါတယ်။

ဂျပန်နိုင်ငံFC Tokyo ကလပ်မှာထရိန်နင်သွားဆင်းခဲ့ပြီး

နောက်နှစ်မှာပြောင်းတော့မယ်လို့လည်း

သတင်းထွက်နေသူတစ်ယောက်ပါ။ကျွန်တော်တို့

ဝိုရာချစ်ကိုစောင့်ကြည့်ကြရအောင်လား။

Agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။