" ပေါင်မပြည့်ပဲ မွေးလာပေမယ့် ကမ္ဘာ့အပျော်ရွှင်ဆုံး ကလေးငယ်ဟု သတ်မှတ်ခံရသူ "

--------------------

၂၀၁၄ ခုနှစ်တုန်းက ကျေးဇူးတော်နေ့အတွင်းမှာ ဒေးဗစ်နဲ့ လော်ရန်ဆိုသူ ဇနီးမောင်နှံ နှစ်ဦးက သမီးငယ်လေး ဖရေယာကို မွေးဖွားသန့်စင်နိုင်ခဲ့ပါတယ်။ ဖရေယာဟာ မွေးခါစမှာ ကိုယ်အလေးချိန် သုံးပေါင်ကျော်သာ ရှိပြီး ကျန်းမာရေး မကောင်းခဲ့တာကြောင့် အသက်ဆက်ဖို့ မလွယ်ဘူးဆိုပြီး အများက ဂရုဏာသက်ခြင်းကို ခံခဲ့ရသူလေး ဖြစ်ပါတယ်။

မွးပြီးငါးရက်အကြာမှာပဲ အားရပါးရ ပြုံးလိုက်တဲ့ အပြုံးကြောင့် နာမည်ကျော်လာတာပါ။

၂၀၁၄ ခုနှစ်တုန်းက ကျေးဇူးတော်နေ့အတွင်းမှာ ဒေးဗစ်နဲ့ လော်ရန်ဆိုသူ ဇနီးမောင်နှံ နှစ်ဦးက သမီးငယ်လေး ဖရေယာကို မွေးဖွားသန့်စင်နိုင်ခဲ့ပါတယ်။ ဖရေယာဟာ မွေးခါစမှာ ကိုယ်အလေးချိန် သုံးပေါင်ကျော်သာ ရှိပြီး ကျန်းမာရေး မကောင်းခဲ့တာကြောင့် အသက်ဆက်ဖို့ မလွယ်ဘူးဆိုပြီး အများက ဂရုဏာသက်ခြင်းကို ခံခဲ့ရသူလေး  ဖြစ်ပါတယ်။

ကျန်းမာရေး ချို့တဲ့ခဲ့ပေမဲ့ သူမဟာ ကမ္ဘာမှာပျော်ပျော်အနေတတ်ဆုံး ကလေးငယ်ဆိုပြီးတော့တောင် မီဒီယာတွေက ရေးသားကြရတဲ့အထိ ကျန်းမာပျော်ရွှင်နေပါတယ်။ သူမကို မွေးဖွားပြီး ၅ ရက်အကြာမှာပဲ ဓာတ်ပုံရိုက်တဲ့အခါ မျက်လုံးမှိတ်ထားပြီး အားရပါးရ ပြုံးလိုက်တဲ့ အပြုံးကြောင့် ကမ္ဘာကျော်ခဲ့တာဖြစ်ပါတယ်။ အခုတော့ ဖရေယာမှာ ၂ လသားအရွယ် ညီမတစ်ယောက်လည်း ရရှိထားပါတယ်။

အဲဒီတုန်းက ဖရေယာဟာ ဘာကြောင့် ဓာတ်ပုံထဲမှာ အားရပါးရ ပြုံးနေတာလည်းဆိုတာကို အမေဖြစ်သူက လောရန်က အခုလို ပြောပြပါတယ်။ " အဲဒီတုန်းက ကျွန်မဖရေယာ့ကို ပြောလိုက်တယ်။ မေမေတို့ ဓာတ်ပုံရိုက်ပြီး ဖေဖေ့ဆီကို ပို့ကြရင် မကောင်းဘူးလားလို့မေးလိုက်တယ်လေ။ ဓာတ်ပုံရိုက်တော့ သူက အစွမ်းကုန် ပြုံးတော့တာပဲ" လို့ဆိုပါတယ်။

ဖရေယာ့ကို မွေးဖွားခဲ့ရာမှာ မိခင်ဟာ အလွယ်တကူတော့ မဖြစ်ခဲ့ပါဘူး။ သူမကို ကိုယ်ဝန်ဆောင်ခဲ့ကတည်းက စိုးရိမ်မှုများစွာ ကျန်းမာရေးပြဿနာများစွာ ရင်ဆိုင်ခဲ့ရတာပါ။ ဒါကြောင့် ဖရေယာကို မွေးလာတဲ့အချိန်မှာ အရေးပေါ် အနေအထားနဲ့ ပြင်ဆင်ထားခဲ့ရတာဖြစ်ပါတယ်။ အခုတော့ ဖရေယာက ပျော်ပျော်အနေတတ်ဆုံးကလေးတစ်ယောက် ဖြစ်နေပါပြီ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။