ပရိသတ်ကြီးရေ...သင်က အစားတစ်လိုင်း ဆိုရင်တော့ အခုကျောင်းပိတ်ရက် အလုပ်ပိတ်ရက်မှာ ၀က်နံရိုးကင်လေး အိမ်မှာ ကိုယ့်ဘာသာ မစားချင်ဘူးလား ။

နည်းလေးကတော့ အောက်ပါဖော်ပြထားတယ်နော်။

ဝက်နံရိုး.........................၈၀ကျပ်သား

နံနံပင်အမြစ်(ထောင်းပြီး)...၂ဇွန်း

ကြက်သွန်ဖြူ ထောင်းပြီး.....၂ဇွန်း

ငရုတ်ကောင်းစေ့...............၁ဇွန်း

ခရုဆီ..............................၂ဇွန်း

ပဲငံပြာရည်အပျစ်(ချို) ..........၂ဇွန်း

မက်ဂီဆော့စ်(သီးရွက်စုံငံပြာရည်)..၁ဇွန်း

ပျားရည်.............................၂ဇွန်း

သကြား.............................၁ဇွန်း

ဟင်းချက်ဝိုင်အရက်..............၁ဇွန်း

အုန်းနိူ့.................................၁/၄ခွက်

*ဇွန်း=ထမင်းစားဇွန်း

ပထမဆုံးဝက်နံရိုးကိုအသားထူပြီးအဆီဖုံး

နေတဲ့နံရိုးအချပ်လိုက်ကိုရွေးဝယ်ရပါမယ်။

ရေဆေးသန့်စင်ပြီး ၂ပိုင်းအညီအမျှပိုင်းပါ။

နံနံပင်အမြစ်၊ ကြက်သွန်ဖြူ ၊ငရုတ်ကောင်းတို့ကိုသီးသန့်စီညှက်နေအောင်ထောင်းပါ။

ဇလုံတစ်ခုအတွင်းမှာထောင်းထားသောအရာများကိုထည့်ပြီးအုန်းနိူ့မှလွဲပြီးကျန်ပါဝင်ပစ္စည်းအားလုံးကိုရောထည့်ပြီးမွှေပေးပါ။

(အုန်းနိူ့ကအရသာနယ်ရန်အတွက်မဟုတ်)

ဝက်နံရိုးနှစ်ခုကိုထည့်ပြီးအရသာစိမ့်ဝင်နေ

အောင်နယ်ပေးပါ။

အသားထုပ်ပိုးတဲ့အိတ်အတွင်းညီညာစွာစီထည့်ပါ။(အဝတွင်လိုင်းလေးနှင့်ပိတ်၍ရသော)အရသာအရည်တွေပါလောင်းထည့်ပြီးအနည်းဆုံး(၄)နာရီခန့်ရေခဲသေတ္တာ(သာမန်အအေးခန်း)မှာသိုလှောင်ထားပါ။

(၁)ညခန့်သိပ်နှပ်ထားပါကပို၍ကောင်းပါသည်။ညနေကင်လိုလျှင်နံနက်(၁၀)နာရီလောက်ကနေပြင်ဆင်ပြီးနှပ်ထားသင့်ပါသည်။

ကင်မယ့်အချိန်မှာအသားနှင့်အရသာအရည်တွေကိုသီးသန့်စီခွဲထုတ်ထားပါ။

မီးသွေးမီးဖို(မီးရှိန်အသင့်အတင့်)မှာသံဇကာလေးတင်ပြီးကင်ပါ။

ကင်နေစဉ်အတွင်းအုန်းနိူ့(သို့)အရသာအရည်လေးကို brush လေးဖြင့်အသားပေါ်သို့သုတ်လိမ်းပြီးအသားကျက်သည်အထိကင်ပေးပါ။ကျက်ပြီဆိုမှမိမိစိတ်ကြိုက်အတုံးငယ်များအဖြစ်စဉ်းတီးတုံပေါ်တင်ပြီးခုတ်ပေးပါ။

မန်ကျည်းရည်၊ငရုတ်သီးလှော်မှုန့်၊ငါးငံပြာရည်၊ဆန်လှော်မှုန့်တို့ဖြင့်ဖျော်စပ်ထားသော

ချဉ်ငံစပ်ဆော့စ်ရည်ဖြင့်တွဲဖက်ပါ။

အားလုံးပဲ ကြိုက်နှစ်သက်ကြမယ်လို့ထင်ပါတယ် ..ရေးပေးရင်းနဲ့ admin တောင် သရေကျလာတယ်...အိမ်မှာ စားဖြစ်အောင် စားကြနော်... 

သတင်းအရင်းမြစ် ဟင်းချက်နည်းများ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။