ဘတ်စကစ်ဘောပြီးတော့ဝူရှုးကိုဝန်းရံကြပါစို့

ဘတ်စကစ်ဘောမယ်လေးအေးမြတ်ကို

Facebookပေါ်ကပရိသတ်ကြီးအင်တိုက်အားတိုက်

ဝန်းရံကြပြီးနောက်မှာနောက်ထပ်ဝန်းရံရမယ့်

အားကစားမယ်လေးနောက်တစ်ဦးကို

ထပ်ပြောပြပါမယ်။ဘတ်စကစ်ဘောပြီးတော့

ဝူရှုးပေါ့နော်။သူကတော့မြန်မာ့ဂုဏ်ဆောင်

ဝူရှုးအားကစားမယ်လေးစန္ဒီဦးပါ။သူမဟာ

ကယ်ဆီယမ်ကြော်ငြာထဲမှာလည်းပါခဲ့ပါတယ်။

ပရိသတ်ကြီးမှတ်မိရဲ့လား။

ပြီးခဲ့တဲ့စင်ကာပူဆီးဂိမ်းမှာဝူရှုးအားကစားနည်းက

ရွှေဆုသုံးဆုမြန်မာပြည်အတွက်ရယူပေးနိုင်ခဲ့ပါတယ်။

နိုင်ငံတော်အတွက်ရွှေတံဆိပ်သုံးဆုထဲကတစ်ဆုကို

စန္ဒီဦးကရယူပေးခဲ့တာပါ။ဒီနှစ်မလေးရှားဆီးဂိမ်း

မှာလည်းစန္ဒီဦးဟာ ဝူရှုးအားကစားနည်းကနေ

ရွှေရယူပေးနိုင်မယ်လို့မျှော်မှန်းထားပါတယ်။

ပရိသတ်ကြီးအားပေးမယ်ဆိုရင်တော့

ပိုအားရှိမှာပေါ့နော်။

ဒီနေ့ညနေမှာ မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာ

ဆီးဂိမ်းဖွင့်ပွဲကျင်းပမှာဖြစ်ပြီးစန္ဒီဦးတို့

ဝူရှုးအဖွဲ့ဟာလည်းရန်ကုန်လေဆိပ်ကနေ

ထွက်ခွာသွားကြပါပြီ။စန္ဒီဦးတို့အဓိကထား

ယှဉ်ပြိုင်ရမှာကတော့ဗီယက်နမ်ပါ။

ဗီယက်နမ်ဆိုတာဝူရှုးနဲ့ပါတ်သက်ပြီးနာမည်ကြီးပါတယ်။

နာမည်ကြီးဗီယက်နမ်ကိုကျော်နိုင်ဖို့စန္ဒီဦးလေးကို

အားပေးဖို့လိုပါတယ်။ပရိသတ်ကြီးဝန်းရံကြမယ်မဟုတ်လား။

Photo-Sandy Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။