မန်ယူအသင်းဟာ ပရီးမီယားလိဂ်ပွဲစဉ် ၂ အဖြစ် အဝေးကွင်းမှာ ဆွမ်ဆီးအသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့ပြီး ၄ ဂိုးပြတ်အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။မန်ယူအသင်းဟာ အဝေးကွင်းမှာ ကစားရတာဖြစ်သော်လည်း ကွင်းလယ်ပိုင်း ကစားကွက်အသာ နဲ့ ဖိအားပေးကစားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဆွမ်ဆီးအသင်းရဲ့ကွင်းလယ်ကစားသမား ဆီဂတ်ဆန် ထွက်ခွာခဲ့တာကြောင့် ကွင်းလယ်ပိုင်းအားနည်းမှုတွေ ဖြစ်ပေါ်နေတာကြောင့် အစားထိုးဖို့ ကစားသမားတစ်ယောက်ကိုတော့ အလျင်အမြန် ဝယ်ယူရတော့မှာလည်းဖြစ်ပါတယ်

မန်ယူအသင်းဟာ တိုက်စစ်ပိုင်းမှာ လူကာကူ ကို အထောင်ကစားခဲ့ပြီး ရက်ဖို့ ၊ မာတာ ၊ အမ်ခီတာယန်၊ ပေါ့ဘာ ၊မာတစ် တို့စတဲ့ကစားသမားတွေကို လူစုံထုတ်ပြီး ဆွမ်ဆီးအသင်းကို ရင်ဆိုင်ကစားခဲ့တာလည်းဖြစ်ပါတယ်။ဆွမ်ဆီးအသင်းကတော့ အေဗဟာဟင် ၊ ဂျော်ဒန်အယူး၊ တို့ကို တိုက်စစ်မှာ ပွဲထုတ်ခဲ့ပြီး ကွင်းလယ်မှာတော့ ယခုနှစ်ရာသီမှ ဝယ်ယူထားခဲ့တဲ့ မီဆာကို တော့ ထည့်သွင်းအသုံးပြုခဲ့တာပဲဖြစ်ပါတယ်။

မန်ယူအသင်းဟာ ပထမပိုင်းပွဲပြီးခါနီးမှာပဲ ပေါ့ဘာခေါင်းတိုက်လိုက်တဲ့ဂိုးဟာ ဂိုးဘားတန်းထိပြီးထွက်လာခဲ့ပြီး ဘိုင်လီက ပိတ်သွင်းယူခဲ့တာပဲဖြစ်ပါတယ်။၇၅ မိနစ်မှာ မာရှယ် ၊ ဖယ်လိုင်နီတို့ဝင်ရောက်လာခဲ့ပြီး အသင်းရဲ့ တိုက်စစ်ကပိုမိုမြိုင်ဆိုင်လာခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယ ဂိုးကိုတော့ အမ်ခီတာယန်ရဲ့ ဖနိတီးပေးမှုကနေ လူကာကူ က ကန်သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။တတိယဂိုးကိုလည်း အမ်ခီတာယန်ကပဲ ဖန်တီးပေးခဲ့တာဖြစ်ပြီး ပေါ့ဘာက ဂိုးသမားကို ကျော်ပြီးသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။နောက်ဆုံးဂိုးကိုတော့ မာရှယ်က တစ်ကိုယ်တော်ထိုးဖောက်မှုကနေ ကန်သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။မန်ယူအသင်းဟာ နှစ်ပွဲဆက် ဂိုးပြန်အနိုင်နဲ့ ဇယားထိပ်ဆုံးမှာ ဦးဆောင်နေဆဲလဲ ဖြစ်ပါတယ်

Source - Man U

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။