ပရီးမီးယားလိဂ် ပွဲစဉ် ၂ ဖြစ်တဲ့ စတုတ်စီးတီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ စတုတ်စီးတီးအသင်းက ၁ ဂိုး ၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။စတုတ်စီးတီးအသင်းဟာ အာဆင်နယ်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားခဲ့တာဖြစ်ပြီး ၃ မှတ်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။စတုတ်စီးတီးအသင်းရဲ့ အသစ်ခေါ်ယူထားတဲ့ ကစားသမားလေး ဂျေစီရိုဒရီဂွက်ရဲ့ တစ်လုံးတည်းသောဂိုးက အာဆင်နယ်အသင်းကို ရံှူးပွဲတွေ့စေခဲ့တာပဲဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ တိုက်စစ်မှူး လာကာဇတ်ကို အထောင်ကစားစေခဲ့ပြီး ရမ်ဆေး ၊ အိုဇေလ်း ၊ ချိန်ဘာလိန် ၊ဝဲလ်ဘတ် တို့ကို ဝန်းရံပြီး ပွဲထွက်လာခဲ့တာလည်းဖြစ်ပါတယ်။စတုတ်စီးတီးအသင်းကတော့ မြန်နူန်းမြင့်ကစားသမားတွေနဲ့ အာဆင်နယ်အသင်းကို ထိုးဖောက်ဖို့ ကြံစည်ခဲ့တာလည်းဖြစ်ပါတယ်။စတုတ်စီတီးအသင်းရဲ့ အသစ်ခေါ်ယူထားတဲ့ ချူပိုမိုတင် ၊ ဂျေစီ တို့ကိုပွဲထွက်စေခဲ့တာဖြစ်ပြီး ရှာကွီရီကိုလည်း တောင်ပံကနေထိုးဖောက်ကစားစေခဲ့တာကိုလည်းတွေ့ရပါတယ်။

အာဆင်နယ်အသင်းဟာ ပထမပိုင်းမှာပွဲကို ထိန်းချူပ်ကစားခဲ့ပြီး ကွင်းလယ်ပိုင်းအသာစီးရကာ ဖိအားပေးကစားနိုင်ခဲ့ပါတယ်။စတုတ်စီးတီးရဲ့ နောက်တန်းမာကျောမှုက ပထမပိုင်းကို ဂိုးမရှိသရေရလဒ်နဲ့သာပြီးဆုံးခဲ့တာဖြစ်ပါတယ်။ဒုတိယပိုင်း ပြန်စလို့ သိပ်မကြာခင်မှာပဲ ဘရာဟီနိုခင်းပေးလိုက်တဲ့ဘောလုံးကို ဂျေစီရိုဒရီဂွက်က စတုတ်စီးတီးအသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို ကန်သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။မိနစ် ၆၀ နောက်ပိုင်းမှာ အာဆင်နယ်အသင်းက ကိုလာစီနက် ထုတ်ပယ်ပြီး ဂျီရော့ကို ထည့်သွင်းကစားခဲ့သော်လည်း စတုတ်စီးတီးဂိုးသမား လက်စွမ်းပြနိုင်ခဲ့တာကြောင့် ချေပဂိုးရရှိခဲ့ခြင်းမရှိပဲ အာဆင်နယ်အသင်းဟာ ၁ ဂိုး ဝဂိုးနဲ့ ရံှူးနိမ့်သွားခဲ့တာပဲဖြစ်ပါတယ်

Source - Stock City & Arsenal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။